Open City
ဘဲ့ဂျန်မီဟာ ငယ်ငယ်ကတည်းက ခါးပိုက်နှိုက်တဲ့အမေနဲ့အတူ လိုက်လုပ်လာခဲ့ပြီး နောက်တော့ ရဲတွေအလိုရှိတဲ့ ခါးပိုက်နှိုက်ဂိုဏ်းခေါင်းဆောင် ဖြစ်လာပါတယ်။ ဂျပန်နဲ့ ကိုရီးယားမှာ ကျင်လည်နေတဲ့ သူဟာ အိုဆာကာမှာ ပြဿနာတက်လို့ ရှောင်ပြေးလာရင်း ကိုရီးယားကို ရောက်လာခဲ့တယ်။ အဲဒီမှာ ဂိုဏ်းအမျိုးမျိုးကြား ဘာတွေကြုံရမလဲ၊ ဘယ်လိုလွတ်အောင် ရုန်းထွက်မလဲဆိုတာ ဆက်တွေ့ရမှာပါ။ ဘဲ့ဂျန်မီအဖြစ် Son Ye Jin က သရုပ်ဆောင်ထားပါတယ်။ တစ်ဖက်မှာတော့ အမှုစစ်ရာမှာ အလွန်တော်ပေမယ့် ခါးပိုက်နှိုက်အမှုဆို လုံးဝမလိုက်တဲ့ စစ်ဆေးရေးမှူး ဂျိုဒယ်ယောင်းရှိနေတယ်။ ဒီအမှုမျိုးတွေကို သူဘာကြောင့် ရှောင်နေတာလဲ၊ သူ့အတိတ်မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာ မေးစရာဖြစ်နေပါတယ်။ ဘဲ့ဂျန်မီနဲ့ ဂျိုဒယ်ယောင်းတို့ကြားမှာရော ဘယ်လိုဖြစ်ရပ်တွေ ရှိလာမလဲ။
ဇာတ်လမ်းအကြောင်း