The Fourth Musketeer
တစ်ညမှာ ဘုရင့်စစ်သည်တော်ဖြစ်ဖို့ အရူးအမူး စိတ်ကူးယဉ်နေတဲ့ ကောင်လေးတစ်ယောက်ဟာ သူအလေးစားဆုံး စစ်သည်တော် ဒါ့တညံရဲ့အခန်းထဲ ခိုးဝင်လာပါတယ်။ ဒါ့တညံဟာ ကျောထောက်နောက်ခံနဲ့ မျိုးရိုးအင်အားမရှိဘဲ ကိုယ့်အစွမ်းနဲ့ကိုယ် စစ်သည်တော်ခေါင်းဆောင်အထိ ဖြစ်လာခဲ့တယ်လို့ ကောင်လေးက ယုံကြည်ထားတယ်။ ဒါကြောင့် ဒါ့တညံကို တိုက်ရိုက်စိန်ခေါ်ပြီး လေ့ကျင့်ရေးဆင်းစရာမလိုဘဲ စစ်သည်တော်အဖွဲ့ထဲ တန်းဝင်ခွင့်ရဖို့ ကြံလာတာပါ။ သူရောက်လာတဲ့အချိန်မှာ ဒါ့တညံက ကိုယ်တွေ့မှတ်တမ်း ရေးနေတုန်းဖြစ်ပါတယ်။ ကိုယ့်ကိုအားကျပြီး ဖြတ်လမ်းကနေ စစ်သည်တော်ဖြစ်ချင်နေတဲ့ ကောင်လေးကိုတွေ့တော့ ထိုင်ခိုင်းပြီး သူ့ဘဝအကြောင်း ပြန်ပြောပြပါတော့တယ်။ အဲဒီစကားဝိုင်းကနေ ဒါ့တညံ စစ်သည်တော်ဖြစ်လာခဲ့ပုံကို နောက်ကြောင်းပြန်ထားပါတယ်။ ဒီဇာတ်ကားဟာ ပြင်သစ်စာရေးဆရာ အလက်ဇန်းဒါးဒူးမတ်ရဲ့ The Three Musketeers ကို မှီငြမ်းထားတာပါ။ ဒူးမတ်ဟာ The Count of Monte Cristo ကိုလည်း ရေးခဲ့သူဖြစ်ပါတယ်။ ဒါ့တညံဆိုတာ ဆရာကြီးပီမိုးနင်း ဘာသာပြန်ခဲ့တဲ့ “သူရဲကောင်းသုံးယောက်” ထဲက ဓားတညံပဲဖြစ်ပြီး ဆရာကြီးရွှေဥဒေါင်းလည်း ဒီလက်ရာကို ဘာသာပြန်ခဲ့ဖူးပါတယ်။
ဇာတ်လမ်းအကြောင်း