Gunfight at Rio Bravo
ရဲမှူးချုပ် Austin Carter နဲ့ သူ့လက်ထောက်ဟာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ Hellhound ဂိုဏ်းခေါင်းဆောင် Ethan Crawley ကို ဖမ်းမိပြီး တရားစီရင်ဖို့ San Antonia မြို့ဆီ ခေါ်လာကြပါတယ်။ လမ်းမှာ Blind Chapel ဆိုတဲ့မြို့ကို ဝင်နားရင်း Crawley ကို အဲဒီမြို့ရဲ့အကျဉ်းခန်းမှာ ခဏချုပ်ထားဖို့ စီစဉ်ကြတယ်။ ဒါပေမယ့် Hellhound ဂိုဏ်းဟာ လူသတ်ပြီး မြို့တွေကိုပါ မီးရှို့ဖျက်ဆီးတတ်တဲ့အတွက် မြို့တော်ဝန် Bowman က လက်မခံချင်ဘူး။ လက်ခံဖို့ပြောတဲ့ ရဲမှူး Vernon Kelly နဲ့ အငြင်းပွားကြပြီးမှ Crawley ကို ချုပ်ထားဖြစ်သွားပါတယ်။ အဲဒီမြို့မှာ သေနတ်ပစ်ကျွမ်းကျင်တဲ့ Ivan ဆိုသူလည်း ရှိနေတယ်။ သူ့သရုပ်မှန်ကိုတော့ ဘယ်သူမှ သေချာမသိကြဘူး။ Hellhound ဂိုဏ်းက သူတို့ခေါင်းဆောင်ကို ပြန်ခေါ်ဖို့ Blind Chapel ကို လာတိုက်ဖို့ ကြံနေတဲ့အခါ Vernon၊ Austin နဲ့ Ivan တို့ဟာ မြို့ကို ကာကွယ်ဖို့ ပြင်ဆင်ရပါတော့တယ်။ တစ်ချိန်တည်းမှာပဲ ဖမ်းထားတဲ့ Crawley လွတ်မသွားအောင်လည်း စောင့်ကြပ်ရဦးမှာပါ။
ဇာတ်လမ်းအကြောင်း