ဇာတ်ကားများ ရွေးရန်

60 Days of Summer

2018ဇာတ်ကားအမှတ် 8.0/1094 မိနစ်

လီဂျယ်ဟွန်းက အသက် ၁၈ နှစ်ရှိပြီး ကျောင်းမှာ အနိုင်ကျင့်ခံရလို့ ကျောင်းထွက်ထားတဲ့ လူငယ်တစ်ယောက်ပါ။ စားလိုက်၊ အိပ်လိုက်၊ သူငယ်ချင်းတွေနဲ့ ဂိမ်းကစားလိုက်နဲ့ အချိန်ကုန်နေပြီး အိမ်ကိုလည်း နောက်ကျမှ ပြန်တတ်တယ်။ တစ်နေ့မှာ သူ့အဖေက နောက်အိမ်ထောင်ပြုဖို့ နှစ်လလောက် ခရီးထွက်မယ်ဆိုတော့ ဂျယ်ဟွန်းကို အဘိုးဆီမှာ ထားခဲ့ဖို့ ဖြစ်လာပါတယ်။ အဖေ ခရီးထွက်တာက သူ့အတွက် အထူးအဆန်းမဟုတ်ပေမယ့် ရက်ပေါင်း ၆၀ အတူနေရမယ့် အဘိုးကတော့ သူနဲ့ရော သူ့အဖေနဲ့ပါ မတည့်တဲ့ လူ့ဂွစာကြီးပါ။ ဂျယ်ဟွန်းအနေနဲ့ အဘိုးကြည်ဖြူအောင် ဘယ်လိုနေမလဲဆိုတာကတင် မလွယ်သေးဘူး။ အဲဒီအချိန်မှာ သက်ကြီးရွယ်အိုတွေကို ပစ်မှတ်ထားတဲ့ လုယက်မှုတွေပါ မကြာခဏ ဖြစ်လာတော့ မြေးအဘိုးနှစ်ယောက် ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာလည်း ရှိလာတယ်။ မျိုးဆက်မတူ၊ အကျင့်စရိုက်မတူတဲ့ သူတို့နှစ်ယောက်ရဲ့ ကတောက်ကဆတွေကို ဟာသနှောပြီး ပြထားသလို ရက်ပေါင်း ၆၀ အတူနေရတဲ့အချိန်က သူတို့ကို ပိုနီးစပ်လာစေမလား၊ ပိုဝေးကွာသွားစေမလားဆိုတာ ဆက်ကြည့်ရမှာပါ။

ဇာတ်လမ်းအကြောင်း