ဇာတ်ကားများ ရွေးရန်

Universal Soldier: Regeneration

2009ဇာတ်ကားအမှတ် 5.6/1097 မိနစ်

ဒီ​ရုပ်ရှင်​ကတော့ Universal Soldier franchise ရဲ့ ငါးကားမြောက်ရုပ်ရှင်ဖြစ်ပြီး Action/ Sci-fi​ အမျိုးအစား​ဖြစ်ပါတယ်။ အရင်​ဇာတ်ကား​တွေကလို ဗန်ဒိန်းကပဲ Luv အဖြစ် ပါဝင်​ထားပြီး​ သူ့ရဲ့ရန်သူတော် Andrew နေရာမှာ​ ၁၉၉၂ ရုပ်ရှင်​မှာပါဝင်ခဲ့တဲ့ မင်းသားကြီး Lundgren ကပဲထပ်မံပါဝင်ထားပါတယ်။ ဒီဇာတ်ကားက​ ၁၉၉၂ ရုပ်ရှင်​ရဲ့ နောက်​ဆက်​တွဲဇာတ်လမ်းဖြစ်ပြီး ၁၉၉၉ က Universal Soldier​ : The​ Return လိုပဲ​ ၁၉၉၂ ရုပ်ရှင်​ရဲ့နောက်ဆက်တွဲ sequel ဇာတ်​ကားဖြစ်ပါတယ်။ ဒါပေမဲ့​ ၁၉၉၉ ရုပ်ရှင်​နဲ့ မတူညီတဲ့ Alternative​ story ဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဉ်းကတော့​ ပါဆာလန်လွတ်မြောက်ရေးတပ်ဦးဆိုတဲ့ အကြမ်းဖက်​အဖွဲ့က ယူကရိန်းနိုင်ငံဝန်ကြီးချုပ်ရဲ့ သားနဲ့သမီးကို ပြန်​ပေးဆွဲပြီး ချာနိုဘိုင်း​မြို့​ပျက်​ကြီး​က နျူကလီးယား​စက်ရုံ​ဟောင်းမှာ ထိန်းသိမ်း​ထားပါတယ်။ယူကရိန်းဝန်ကြီးချုပ်က သူတို့​တောင်းဆို​တာမလိုက်လျောရင် အဏုမြူ​ဓာတ်​ပေါင်းဖို​ကို ဖောက်​ခွဲပစ်မယ်လို့ ခြိမ့်းခြောက်ပါတယ်။ သူတို့​ဘက်မှာ NGU လို့​ခေါ်​တဲ့ မျိုးဆက်​သစ် Universal Soldier​ တစ်ဦးလည်းရှိနေပါတယ်။ ဇာတ်​လိုက်​ဖြစ်​တဲ့ Luc (ဗန်ဒိန်း)​ကတော့ ဆွစ်ဇာလန်မှာ ဒေါက်တာ ​Flemming ဆိုသူ​ရဲ့ အကူအညီနဲ့ စိတ်​ပိုင်း​ဆိုင်ရာ​နာလန်ပြန်ထဖို့ ရုန်း​ကန်နေရပါတယ်။ စက်ရုံ​ကိုသိမ်းပိုက်ပြီး နျူကလီးယား​ဓာတ်​ပေါင်းဖို​ပေါက်ကွဲမဲ့ အရေးကို အစိုးရ​တပ်တွေက ကာကွယ်​ဖို့ကြိုးစားပေမဲ့ နောက်ဆုံး​ပေါ်​ Universal​ Soldier​ ဖြစ်​တဲ့ NGU ကြောင့် ရှုံး​နိမ့်​ခဲ့ရာမှာ မူလ​လက်ဟောင်း​ Universal​ Soldier​ ဖြစ်​တဲ့ Luc ရဲ့အကူအညီကိုရယူဖို့ ကြိုးစားရပါတော့တယ်။ ဇာတ်လမ်း​က pace မြန်​ပြီး အက်​ရှင် scene များသလို ဗန်ဒိန်းကို သူ့ရဲ့​နာမည်​ကျော်​ Luc Devereaux​ ဇာတ်​ကောင်​အဖြစ်​ ပြန်​မြင်​ရမှာ​ဖြစ်​လို့ Universal Soldier​ ရုပ်ရှင်​ကားများ​ကို ကြိုက်​နှစ်သက်​သူများ၊ အက်​ရှင်​ဇာတ်​လမ်း​ပရိသတ်​များ မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း