ဇာတ်ကားများ ရွေးရန်

Universal Soldier

1992ဇာတ်ကားအမှတ် 6.3/10102 မိနစ်

90 ခုနှစ်​တွေက ထွက်​ရှိခဲ့တဲ့ ဗန်ဒိန်းရဲ့ Universal Soldier​ ဇာတ်ကား​တွေကို ကြည့်ဖူးကြမှာပါ။ ၁၉၉၂ မှာထွက်ရှိခဲ့တဲ့ ​ဒီဇာတ်ကားက​ Universal Soldier​ ရုပ်ရှင်​တွေရဲ့ ပထမဆုံး​ရုပ်ရှင်​ဖြစ်ပြီး​ Action/Sci-fi အမျိုးအစား​ဖြစ်ပါတယ်။ ဗန်ဒိန်းရဲ့​နာမည်​ကျော်​ရုပ်ရှင်တွေထဲကတစ်ခုဖြစ်ပြီး ငွေကြေး​အရလည်းအောင်မြင်မှုရရှိခဲ့ပါတယ်။ ရုရှား​အာနိုးလို့လူသိများတဲ့ Dolf Lundgren ကလည်း ဗီလိန်​အဖြစ်အပြိုင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်း​အကျဉ်းကတော့ ဗီယက်နမ်​စစ်ပွဲ​အတွင်း​မှာ Luc (ဗန်ဒိန်း) နဲ့ ဆာဂျင် Andrew Scott တို့အ​ချင်း​များပြီးပစ်ခတ်ကြရာကနေ နှစ်ယောက်​လုံး​သေဆုံးသွားကြပါတယ်။ သူတို့အလောင်းတွေကို အမေရိကန်​အစိုးရ​က ပြန်​အသက်​သွင်း​ပြီး မှတ်​ဉာဏ်​တွေဖျက်သိမ်းကာ Unisol စစ်သည်တွေအဖြစ် ဖန်တီး​ခဲ့ပါတယ်။ တစ်နေ့မှာတော့ Luc တစ်ယောက်တာဝန်ထမ်းဆောင်နေချိန်မှာ မှတ်ဉာဏ်​ဟောင်းတွေကို သတိရလာပြီး သတင်း​ထောက်​မလေး Veronica Robert နဲ့အတူထွက်ပြေးပါတယ်။ Luc ရဲ့ရန်သူဖြစ်တဲ့ ဆာဂျင်​ Andrew Scott ကလည်း Luc လိုပဲ မှတ်ဉာဏ်​တွေပြန်ရရှိပြီး အထိန်း​အကွပ်မဲ့သွားပါတယ်။ Luc ကိုသတ်ဖြတ်ဖို့ ဆုံး​ဖြတ်​ထားတဲ့ Andrew Scott က သူတို့​နောက်​ကိုလိုက်လာရာကနေ ရန်သူဟောင်းနှစ်​ဦးအားပြိုင်မှု ဖြစ်ပေါ်လာပါတော့တယ်။ ၉၂ ကထွက်ရှိခဲ့တဲ့ဒီဇာတ်ကားက အောင်​မြင်မှုရရှိခဲ့ပြီး နောက်​ဆက်​တွဲ​ဇာတ်ကား​များစွာ ထွက်​ရှိခဲ့ပါတယ်။ ၉၀ ခုနှစ်​ အက်ရှင်ဇာတ်ကားတွေရဲ့အငွေ့အသက်နဲ့အညီ ဖျော်ဖြေ​မှုကောင်းကောင်းပေးနိုင်တဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။ အက်​ရှင်ကြိုက်သူများ ဗန်ဒိန်းဖန်များ မဖြစ်မနေကြည့်ရှုသင့်တဲ့ ဇာတ်ကားဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း