ဇာတ်ကားများ ရွေးရန်

The Tutor

2023ဇာတ်ကားအမှတ် 6.2/1092 မိနစ်

အီသန်က လူချမ်းသာတွေရဲ့ ကလေးတွေကို စာသင်ပေးတဲ့ ကျူတာတစ်ယောက်ပါ။ ဆိုးတဲ့ကလေးတွေ ပါတတ်ပေမယ့် သူကတော့ စာသင်ရတာကို စိတ်ဝင်စားလာအောင်၊ ပညာရေးမှာ တိုးတက်လာအောင် သင်ပေးနိုင်လို့ နာမည်ရတယ်။ တစ်နေ့မှာ လစာအများကြီးပေးမယ့် စာသင်အလုပ်တစ်ခု ကမ်းလှမ်းလာပါတယ်။ အီသန်က ငွေကြေးအခက်အခဲရှိနေတာတော့ မဟုတ်ပေမယ့် ချစ်သူက ကလေးမွေးတော့မှာဆိုတော့ ဝင်ငွေပိုရတာကို သဘောကျတယ်။ ဒီလောက်လစာပေးရတဲ့ ကျောင်းသားဆိုတော့ စာညံ့ပြီး အားစိုက်သင်ပေးရမယ့်ကလေးလို့ သူက တွက်ထားပါတယ်။ ကလေးရဲ့အဖေကလည်း သူတို့အိမ်မှာ နေပြီး တစ်ပတ်အစမ်းသင်ကြည့်ဖို့ ခေါ်ထားတယ်။ ဒါပေမယ့် တကယ်သင်ကြည့်တော့ ဂျက်ဆန်ဆိုတဲ့ အဲဒီကလေးက သင်ပေးစရာ မလိုလောက်အောင်ကို တော်နေပါတယ်။ ဒါဆို အီသန်ကို လစာအများကြီးပေးပြီး ခေါ်ထားတာ ဘာကြောင့်လဲ။ ဂျက်ဆန်တို့မိသားစုက ငွေသိပ်ပေါနေလို့ပဲလား။ စာသွားသင်တဲ့ တစ်ပတ်အတွင်းမှာ ဂျက်ဆန်ဆီကရော အီသန်ဆီကပါ မူမမှန်တဲ့အရာတွေ ပေါ်လာတော့ ဘယ်သူက ဘာရည်ရွယ်ချက်နဲ့ ဘာတွေကြံစည်နေသလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

ဇာတ်လမ်းအကြောင်း