ဇာတ်ကားများ ရွေးရန်

Broken Ties

2023ဇာတ်ကားအမှတ် 7.2/1088 မိနစ်

Selma ဟာ သူ့ကို နှိပ်စက်နေတဲ့ ရဲအရာရှိခင်ပွန်းကို သေနတ်နဲ့ပစ်ပြီး ထွက်ပြေးလာပါတယ်။ ခင်ပွန်းရဲ့ နောက်လိုက်နှစ်ယောက် လိုက်မမီခင် အစ်မဖြစ်သူ Maddy ရဲ့အိမ်မှာ ခဏခိုလှုံဖို့ သွားအကူအညီတောင်းခဲ့တယ်။ ဒါပေမဲ့ ညီအစ်မနှစ်ယောက်က အမေဆုံးပြီးကတည်းက ကွဲကွာနေကြပြီး စကားလည်း မပြောဖြစ်ကြတော့ပါဘူး။ နှစ်ယောက်ရဲ့ အကျင့်စရိုက်ကလည်း ဆန့်ကျင်ဘက်ပါ။ Selma က ပါတီတက်၊ ပစ္စည်းခိုးနဲ့ ဖြစ်သလိုနေခဲ့သူဖြစ်ပြီး Maddy ကတော့ စည်းကမ်းရှိရှိနဲ့ လူကြီးလူကောင်းဆန်ဆန် နေတတ်သူပါ။ အိမ်ထောင်ရေးမှာလည်း Maddy က ခင်ပွန်းကောင်းနဲ့ အေးအေးချမ်းချမ်းနေနိုင်ပေမဲ့ Selma ရဲ့ခင်ပွန်းက ရဲဖြစ်နေရုံတင်မက မူးယစ်ဆေးမှောင်ခိုဂိုဏ်းရဲ့ ခေါင်းဆောင်လည်းဖြစ်နေပြီး သူ့ကို အမြဲနှိပ်စက်နေခဲ့တာပါ။ Maddy က အစမှာ လက်မခံချင်ပေမဲ့ ညီမ အကူအညီလိုနေမှန်းသိလို့ ခဏနေခွင့်ပေးလိုက်တယ်။ အဲဒီအချိန်အထိ Selma ဘာလုပ်ပြီး ထွက်ပြေးလာတယ်ဆိုတာကိုတော့ သူ မသိသေးပါဘူး။ မကြာခင်မှာပဲ Selma နောက်ကိုလိုက်နေတဲ့ ရဲဆိုးတွေ အိမ်ထဲဖောက်ဝင်လာတာကြောင့် ဘာမှမသိတဲ့ Maddy ပါ ညီမနဲ့အတူ ထွက်ပြေးရတော့တယ်။ ညီအစ်မနှစ်ယောက်လုံး ဝရမ်းထုတ်ခံရပြီး သူတို့ရဲ့မျက်နှာတွေ သတင်းထဲမှာ ပျံ့နှံ့သွားတဲ့အခါ ပုန်းရှောင်ဖို့ ပိုခက်လာပါတယ်။ အချင်းချင်း မတည့်ကြပေမဲ့ အခုလို အကူအညီလိုနေတဲ့အချိန်မှာတော့ တစ်ယောက်ဘေးမှာ တစ်ယောက်ရှိပေးရင်း အတူရင်ဆိုင်ကြရတယ်။

ဇာတ်လမ်းအကြောင်း