ဇာတ်ကားများ ရွေးရန်

Man of Tai Chi

2013ဇာတ်ကားအမှတ် 6.0/10105 မိနစ်

ကီနူးရိဗ် ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ဗီလိန်အဖြစ်ပါ သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားက ထိုက်ချိသိုင်းကို အခြေခံထားပါတယ်။ မာကျောမှုကို ပျော့ပျောင်းမှုနဲ့ ထိန်းချုပ်တဲ့ ကိုယ်ခံပညာကို သင်ယူနေသူ တိုက်ဂါးကတော့ သူ့ပညာနဲ့သူ လမ်းကြောင်းမှန်ပေါ် ရောက်ဖို့ ကြိုးစားနေရဆဲပါ။ တစ်ဖက်မှာ ကီနူးရိဗ် သရုပ်ဆောင်ထားတဲ့လူက ဟောင်ကောင်မှာ လုံခြုံရေးကုမ္ပဏီကို ဟန်ပြလုပ်ပြီး မြေအောက်တိုက်ခိုက်ပွဲတွေ ကျင်းပနေသူပါ။ သူ့တိုက်ခိုက်ရေးသမားကို အားမရလို့ သတ်ပစ်လိုက်ပြီး လူသစ်ရှာနေချိန်မှာ တိုက်ဂါးရဲ့အရည်အချင်းကို သဘောကျသွားတယ်။ သူ့အတွက် တိုက်ခိုက်ပေးဖို့ ဖိတ်ခေါ်ပေမဲ့ ကိုယ်ခံပညာဟာ ငွေရှာဖို့မဟုတ်ဘူးဆိုပြီး တိုက်ဂါးက ငြင်းလိုက်ပါတယ်။ ဒီမြေအောက်ပွဲတွေ ကျင်းပနေသူကို ဖမ်းဖို့ ကြိုးစားနေတဲ့ ရဲမေတွေလည်း ရှိနေတယ်။ ဒါပေမဲ့ တိုက်ဂါးရဲ့ဆရာနေတဲ့ ဘုရားကျောင်းအတွက် ငွေအများကြီး လိုအပ်လာတော့ သူငြင်းထားတဲ့ကမ်းလှမ်းချက်ကို ပြန်စဉ်းစားရမယ့် အခြေအနေဖြစ်လာပါတယ်။ ဒီတိုက်ခိုက်ရေးလောကထဲ ဝင်လိုက်ရင် တိုက်ဂါး ဘာတွေကြုံရမလဲ၊ သူ့ကို ဖိတ်ခေါ်သူရဲ့ တကယ့်ရည်ရွယ်ချက်ကရော ဘာဖြစ်နေမလဲ။

ဇာတ်လမ်းအကြောင်း