The Last Coffee
ရီဟန်နဲ့ အီရမ်တို့ဟာ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြတဲ့ လင်မယားနှစ်ယောက်ပါ။ ရီဟန်မှာ အိမ်ထောင်ကွဲဖူးတဲ့ အတိတ်ရှိပေမဲ့ အီရမ်က နားလည်လက်ခံပြီး သူ့ကို လက်ထပ်ခဲ့တယ်။ ဒါပေမဲ့ ပြဿနာတစ်ခု ပေါ်လာတဲ့အခါ သူတို့နှစ်ယောက်ရဲ့အိမ်ထောင်ရေးက ကွာရှင်းရမယ့်အထိ ဖြစ်လာပါတယ်။ ဘယ်သူမှားပြီး ဘယ်သူမှန်သလဲဆိုတဲ့ မေးခွန်းနဲ့အတူ အိမ်ထောင်ရေးမှာ ယုံကြည်မှု ဘယ်လောက်အရေးပါသလဲဆိုတာကို ဇာတ်ကားက ပြောထားတယ်။ တစ်ဖက်လူကို မယုံကြည်နိုင်တော့တဲ့အခါမှာတောင် သူ့ဘက်ကစကားကို အဆုံးအထိ နားထောင်ပြီးမှ ဆုံးဖြတ်ဖို့၊ အိမ်ထောင်ရေးတစ်ခုကို လွယ်လွယ်နဲ့ လက်မလျှော့ဖို့ ဆိုတဲ့အကြောင်းကို ရီဟန်နဲ့ အီရမ်တို့ရဲ့ ပြဿနာကနေ တင်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း