ဇာတ်ကားများ ရွေးရန်

My Landlord Wants Me Dead

2023ဇာတ်ကားအမှတ် 5.3/1088 မိနစ်

မက်ဒီဟာ မိခင်ဆုံးပြီးတဲ့နောက် ကောလိပ်ကလည်း ထွက်ထားသလို ငွေကြေးလည်း အဆင်မပြေတာကြောင့် အဒေါ်တို့ရဲ့အိမ်မှာ ခဏသွားနေပါတယ်။ အဒေါ်တို့လင်မယားက မြို့ထဲမှာနေတာမို့ ဒီအိမ်ကို သူ့အတွက် ခဏပေးနေလိုက်တာပါ။ အဒေါ်က အာဖရိကကို ခရီးခဏထွက်သွားပြီး အိမ်ပိုင်ရှင်ကတော့ အဒေါ်ရဲ့ခင်ပွန်း ဖြစ်နေတယ်။ အိမ်နီးချင်းမှာ ကယ်ဗင်ဆိုတဲ့ ရုပ်ချောချောကောင်လေးတစ်ယောက်လည်း ရှိတာကြောင့် မက်ဒီက နေရာသစ်မှာ ပျော်နေမိပါတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ ထူးဆန်းတဲ့အဖြစ်တွေနဲ့ စကြုံလာရတယ်။ ဒီကိစ္စတွေက သူ့ဆီ ဘာကြောင့် ဖြစ်လာရတာလဲ၊ လူသတ်သမားလက်ထဲကနေ သူ လွတ်မြောက်နိုင်ပါ့မလား။ မက်ဒီအဖြစ် Emily Roslyn Villarreal ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း