ဇာတ်ကားများ ရွေးရန်

Tell It Like a Woman

2022ဇာတ်ကားအမှတ် 4.7/10112 မိနစ်

Tell It Like a Woman ဟာ အမျိုးသမီးတွေအကြောင်းကို အမျိုးသမီးဒါရိုက်တာတွေက ပြောပြထားတဲ့ ဇာတ်လမ်းတိုခုနစ်ပုဒ် စုစည်းထားတာပါ။ ကမ္ဘာတစ်ဝန်းက ဒါရိုက်တာတွေ ပူးပေါင်းပြီး ဂျပန်၊ အီတလီ၊ အိန္ဒိယနဲ့ အမေရိကန်တို့မှာ ရိုက်ကူးထားသလို အဲဒီနိုင်ငံတွေက မင်းသမီးတွေလည်း ပါဝင်ထားပါတယ်။ အမျိုးသမီးတွေရဲ့အကြောင်း ဖြစ်ပေမယ့် သူတို့ဘဝကို နားလည်ခံစားလိုသူအားလုံးအတွက် ရည်ရွယ်ထားတဲ့ ဇာတ်ကားပါ။ နိုင်ငံမတူ၊ လူမှုအလွှာမတူတဲ့ အမျိုးသမီးတွေဟာ ဘဝအခက်အခဲတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရင်ဆိုင်နေကြရတယ်။ သဘာဝအရ ကြုံတွေ့ရတဲ့ဒုက္ခတွေရှိသလို အမျိုးသမီးဖြစ်နေလို့ ခံရတဲ့ဒဏ်တွေလည်း ရှိပါတယ်။ အဲဒီအခက်အခဲတွေကို သူတို့ ဘယ်လိုကျော်လွှားကြသလဲဆိုတာ ဇာတ်လမ်းတိုတစ်ပုဒ်စီနဲ့ ဖော်ပြထားပြီး ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဇာတ်လမ်းတွေလည်း ပါဝင်ပါတယ်။ ဇာတ်လမ်းတစ်ပုဒ်နဲ့တစ်ပုဒ် အကူးအပြောင်းက တချို့နေရာတွေမှာ ရုတ်တရက်ဖြစ်နေတတ်ပေမယ့် တစ်ပုဒ်စီမှာ ပြောချင်တဲ့အကြောင်းအရာ ရှိပါတယ်။ ဘယ်ဇာတ်လမ်းကို ပိုနားလည်စာနာမိမလဲဆိုတာကတော့ ကြည့်သူတစ်ယောက်ချင်းစီရဲ့ ဘဝအတွေ့အကြုံပေါ်လည်း မူတည်နိုင်ပါတယ်။ ဘောလိဝုဒ်မင်းသမီး ဂျက်ကလင်း ပါဝင်ထားတဲ့ နောက်ဆုံးဇာတ်လမ်းတိုထဲက “Applause” သီချင်းဟာ အော်စကာရဲ့ Best Original Song ဆုအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်။

ဇာတ်လမ်းအကြောင်း