ဇာတ်ကားများ ရွေးရန်

Chaguo

2022ဇာတ်ကား100 မိနစ်

ဝန်ဒိုနဲ့ မူဂယ်နီတို့ဟာ ချစ်သူတွေဖြစ်ပေမယ့် သူတို့ရဲ့မိသားစုနှစ်စုကတော့ အစဉ်အဆက် အားပြိုင်လာခဲ့ကြသူတွေပါ။ သူတို့နေထိုင်တဲ့ အာဖရိကန်နိုင်ငံ လွတ်လပ်ရေးရပြီးကတည်းက ရှိလာခဲ့တဲ့ မိသားစုနှစ်ဖက်ကြား အားပြိုင်မှုက အခုထိ မပြီးဆုံးသေးပါဘူး။ ဝန်ဒိုက ရှေးရိုးစွဲအယူအဆနဲ့ လူမျိုးစွဲမှုတွေကို ဆန့်ကျင်ပြီး ဇာတိမြေကောင်းစားဖို့ ကြိုးပမ်းနေတဲ့ အမတ်လောင်းတစ်ယောက်ရဲ့ မဲဆွယ်စည်းရုံးရေးမှာ ကူညီပေးနေတယ်။ ဒါပေမယ့် လူမျိုးစွဲ၊ ပါတီစွဲတွေကြောင့် အဲဒီအလုပ်က ချစ်သူနှစ်ယောက် ရှေ့ဆက်ဖို့အတွက် အဟန့်အတားဖြစ်လာပါတယ်။ သူတို့နှစ်ယောက်ဟာ အချစ်ရေးထဲ ဝင်ရောက်လာတဲ့ နိုင်ငံရေးနဲ့ လူမျိုးရေးပြဿနာတွေကို ဖြေရှင်းကြရတော့တယ်။ သူတို့ရဲ့အချစ်ရေးနဲ့အတူ နိုင်ငံရေးသမားတွေရဲ့ အကျင့်ပျက်ချစားမှု၊ လူမျိုးစွဲမှုတွေကြောင့် ပြည်သူတွေ နစ်နာရပုံကိုလည်း ဖော်ပြထားပါတယ်။ မဲအနိုင်ရဖို့ဆို ဘာမဆိုလုပ်ဖို့ အသင့်ရှိနေတဲ့ နိုင်ငံရေးသမားတွေရဲ့ လောဘကိုပါ တွေ့ရမှာပါ။

ဇာတ်လမ်းအကြောင်း