ဇာတ်ကားများ ရွေးရန်

Rise

2022ဇာတ်ကားအမှတ် 7.6/10113 မိနစ်

Rise (2022) IMDb Rating  7.2/10 Disney +က​နေ အသစ်ထွက်ရှိထားတဲ့ Sport Drama ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ခုကို တင်ဆက်​ပေးချင်ပါတယ်။ IMDb ratingမှာ 7.2 ရရှိထားပါတယ်။ နိုင်ဂျီရီးယားနိုင်ငံက​နေ "တစ်ရွာမ​​ပြောင်း သူ​ကောင်းမ​ဖြစ်"ဆိုတဲ့ စကားနဲ့အညီ ဂရိနိုင်ငံကို ​ရွေ​ပြောင်းလာကြတဲ့ ချားစ်နဲ့ ဗာရိုနီကာ အဒီတိုကွန်ဘို လင်မယား၂​ယောက်ဟာ သား၄​ယောက်နဲ့ အတူတူ တရားမဝင်နိုင်ငံသားဖြစ်​ရတဲ့ ဒုက္ခ​တွေကို ခါးစည်းခံ​နေကြတာပါ။ ဒီထဲကမှ အကြီးဆုံးသား၂​ယောက်ဖြစ်တဲ့ သန်နာဆစ်နှင့် ဂီယန်နစ် ၂​ယောက်က ဘတ်စကတ်​ဘောကို အ​တော်​ဝါသနာကြီးပြီး အဆင့် တစ်ခု​ရောက်​အောင် ကြိုးစား​နေသူ​တွေပါ။ အစ်ကို သန်နာဆစ်က ပါရမီရှိပေမယ့် ဒဏ်ရာ​​ကြောင့် ​တက်လမ်း​နှောင့်​နှေးသွားပါတယ်။ ညီဖြစ်တဲ့ ဂီယန်နစ်က​တော့ ဘတ်စကတ်​ဘောမှာ လုံးဝထူးချွန်သူ မဟုတ်​ပေမယ့် ကြိုးစားမှုနဲ့အတူ ​​အေးဂျင့်​တွေ စိတ်ဝင်စားတာကို ရထားသူပါ။ ဒါ​ပေမဲ့ တရားဝင်နိုင်ငံသားမဟုတ်တဲ့ ပြဿနာ​တွေ ၊ အဆက်အသွယ်မရှိတဲ့ ပြဿနာ​အပြင် နိုင်ငံရပ်ခြားမှာ မိသားစုနှင့် ခွဲခွာကစားရမယ့်အဖြစ်က​နေ ကမ္ဘာ​ကျော် NBA ပြိုင်ပွဲလူ​​​ရွေးပွဲကို ကံကြမ္မာရဲ့ ​ဖေးမမှုနဲ့အတူ ဝင်​ရောက်ခွင့်ရသွားပါတယ်။ ရလာတဲ့ အခွင့်အ​ရေးကို ဂီယန်နစ်အသုံးချနိုင်မှာလား၊ သူ​ခါးစည်းခံထားတဲ့ မိသားစုပြဿနာ​တွေကို ဘတ်စကတ်​ဘောသမားဘဝက ​ဖြေရှင်း နိုင်မလားဆိုတာကို ကြည့်ရှုခံစားရမှာပါ။ ဒီကားထဲက အန်တီတိုကွမ်ပိုညီအစ်ကို​တွေဟာ တခြားသူမဟုတ်ဘဲ NBAသမိုင်းမှာ ချန်ပီယံဆု ရရှိဖူးတဲ့ ပထမဆုံးညီအစ်ကို၃​ယောက် အဖြစ် မှတ်တမ်းဝင်ထားတဲ့ သန်နာဆစ်၊ ဂီယန်နစ်နဲ့ ​​ကော့စ်စတက် အန်တီတိုကွမ်ပို ညီအစ်ကို​အ​ကြောင်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သုညဘဝက​နေ ထိပ်ဆုံး အဆင့်ထိ ရုန်းကန်ကြိုးစားရင်း တက်​ရောက်ခဲ့ပုံကို အားတက်ဖွယ် မြင်​တွေ့ခံစားရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ JimX ဖြစ်ပါတယ်) File Size..........(2 GB) / (1 GB) / (650 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 53mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Biography, Drama, Sport Translator.......JimX Encoder..........SWM

ဇာတ်လမ်းအကြောင်း