ဇာတ်ကားများ ရွေးရန်

Amazing Grace

2006ဇာတ်ကားအမှတ် 6.9/10117 မိနစ်

ဗြိတိန်အင်ပါယာက ကိုလိုနီနယ်မြေတွေမှာ ကြံ၊ ကော်ဖီနဲ့ တခြားစိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ကိုင်ရင်း ကျွန်တွေရဲ့လုပ်အားအပေါ် မှီခိုနေတဲ့ကာလပါ။ ကုန်ကျစရိတ်သက်သာပြီး လုပ်အားကို ခေါင်းပုံဖြတ်နိုင်တဲ့အတွက် ကျွန်ကူးသန်းရောင်းဝယ်မှုကနေ အကျိုးအမြတ်ရနေသူတွေ ရှိနေပါတယ်။ ၁၈ ရာစုမှာတော့ ဗြိတိန်ပါလီမန်အမတ် William Wilberforce ဟာ ကျွန်ကူးသန်းရောင်းဝယ်မှုကို ဖျက်သိမ်းဖို့ ဦးဆောင်လှုပ်ရှားလာတယ်။ သူတင်ပြတဲ့ အပြောင်းအလဲကို လက်ခံသူတွေ ရှိသလို လက်ရှိစနစ်ကနေ အကျိုးအမြတ်ရနေသူတွေကလည်း ကန့်ကွက်ကြပါတယ်။ သူနဲ့အတူ လှုပ်ရှားနေသူတစ်စုဟာ အကြိမ်ကြိမ် မအောင်မြင်ခဲ့ပေမယ့် ဆက်ကြိုးစားကြရတယ်။ ဒီဇာတ်ကားမှာ သူတို့ရဲ့ကြိုးပမ်းမှုတွေနဲ့အတူ အဲဒီခေတ်က ပါလီမန်အမတ်တွေနဲ့ လူထုက ကျွန်စနစ်ကို ဘယ်လိုမြင်ကြသလဲဆိုတာ ဖော်ပြထားပါတယ်။ အဓိကဇာတ်ဆောင်အဖြစ် Ioan Gruffudd ပါဝင်ထားပြီး Benedict Cumberbatch လည်း သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း