Lovelace
လင်ဒါရဲ့ မွေးနာမည်က အဖေ့မျိုးရိုးနာမည်ကို ယူထားတဲ့ လင်ဒါဘိုးမန်းပါ။ ချက်ထရေနာနဲ့ အိမ်ထောင်ကျတော့ လင်ဒါထရေနာ ဖြစ်လာပြီး အရွယ်ရောက်သူများအတွက် ရုပ်ရှင်တွေမှာ သရုပ်ဆောင်လာချိန်မှာတော့ လင်ဒါလက်ဗလေ့စ်ဆိုတဲ့ နာမည်နဲ့ လူသိများလာပါတယ်။ လက်ဗလေ့စ်က မျိုးရိုးနာမည်မဟုတ်ဘဲ ရုပ်ရှင်ထွက်ခါနီးမှာ ထုတ်လုပ်သူက ပေးလိုက်တဲ့ အနုပညာနာမည်ပါ။ သူ့ရဲ့ပထမဆုံး အပြာရုပ်ရှင် Deep Throat အပြီးမှာ အဲဒီနာမည်နဲ့ အောင်မြင်ကျော်ကြားလာတယ်။ ရုပ်ရှင်ကလည်း ရုံမှာ အချိန်ကြာကြာ ပြသရတဲ့အထိ အောင်မြင်ခဲ့ပြီး အဲဒီလောကရဲ့ Gone with the Wind လို့တောင် တင်စားခံခဲ့ရပါတယ်။ ဒါပေမယ့် လူတွေမြင်နေကြတဲ့ ကျော်ကြားမှုနောက်မှာတော့ မသိခဲ့ကြတဲ့ အဖြစ်ဆိုးတွေ ရှိနေခဲ့တယ်။ Lovelace ဟာ ၁၉၇၀ ဝန်းကျင်က အောင်မြင်ခဲ့တဲ့ Linda Lovelace ရဲ့ဘဝကို ရိုက်ကူးထားတဲ့ အတ္ထုပ္ပတ္တိဒရမ်မာပါ။ ဘာသာရေးကိုင်းရှိုင်းတဲ့ ရှေးရိုးစွဲမိသားစုမှာ ကြီးပြင်းလာပြီး အရှက်အကြောက်ကြီးတဲ့ လင်ဒါဟာ အပြာရုပ်ရှင်လောကထဲ ဘယ်လိုရောက်လာခဲ့သလဲ၊ အဲဒီဘဝကို ရွေးချယ်ဖို့ ဘယ်လိုအခြေအနေတွေက တွန်းပို့ခဲ့သလဲဆိုတာကို ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း