Acidman
အဖေနဲ့ အဆက်အသွယ်ပြတ်နေတဲ့ Maggie ဟာ တစ်နေ့မှာ အဖေ့အိမ်ကို ရုတ်တရက် ရောက်လာပါတယ်။ သူ့အဖေက သားသမီးတွေဆီ တစ်ခါမှ အဆက်အသွယ်မလုပ်ဘဲ လူသူကင်းတဲ့ တောထဲတောင်ထဲမှာ နေထိုင်နေသူပါ။ ခွေးတစ်ကောင်ကလွဲလို့ အပေါင်းအသင်းလည်း မရှိဘူး။ ဂြိုဟ်သားတွေ အချက်ပြတာလို့ သူယုံကြည်နေတဲ့ အလင်းတွေကိုပဲ စူးစမ်းရင်း တစ်ယောက်တည်း နေလာခဲ့တာပါ။ အခုလို သားအဖနှစ်ယောက် ပြန်ဆုံကြတဲ့အခါ အလှမ်းဝေးနေခဲ့တဲ့ သံယောဇဉ်ကို ပြန်ဆက်နိုင်ကြပါ့မလား။ Maggie ကတော့ အဖေအဆင်ပြေရဲ့လားဆိုတာ လာကြည့်တာလို့ ပြောပါတယ်။ ဒါပေမဲ့ သူ ရုတ်တရက် ရောက်လာရတဲ့အကြောင်းရင်းက အဲဒါတစ်ခုတည်းပဲလား။
ဇာတ်လမ်းအကြောင်း