Sharpay's Fabulous Adventure
ရှာပေဟာ သူတို့နယ်မြို့လေးက Country Club မှာ ခွေးလေးဘွိုင်နဲ့အတူ ဖျော်ဖြေနေရာက Broadway ဒါရိုက်တာတစ်ယောက်ရဲ့ သဘောကျမှုကို ရသွားပါတယ်။ လူရွေးပွဲဝင်ဖို့ ကမ်းလှမ်းခံရတဲ့ ဂီတပြဇာတ်အသစ်မှာလည်း သူသိပ်အားကျတဲ့ အမ်ဘာလီအာဒမ်စ်က ပါဝင်မှာတဲ့။ ဒါကြောင့် ရှာပေက သူ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ နယူးယောက်ကို သွားချင်နေပါတယ်။ ဖခင်ဖြစ်သူကတော့ သမီးအဆင်သင့်မဖြစ်သေးမှာ စိုးရိမ်လို့ စိတ်မချဘူး။ ရှာပေက အစီအစဉ်တွေ သေသေချာချာ ချပြပြီး ညှိနှိုင်းတဲ့အခါ အပေးအယူတစ်ခုနဲ့ မိဘတွေရဲ့ခွင့်ပြုချက် ရလာပါတယ်။ သူလုပ်နိုင်ကြောင်း သက်သေပြဖို့ အချိန်တစ်လရမယ်။ အစီအစဉ်မအောင်မြင်ခဲ့ရင်တော့ အိမ်ပြန်လာပြီး အဖေ့အတွက် အလုပ်လုပ်ပေးရမှာပါ။ ဒီလိုနဲ့ Broadway လူရွေးပွဲကို ရောက်သွားချိန်မှာတော့ ဒါရိုက်တာလိုချင်တာက သူ့ကိုမဟုတ်ဘဲ ခွေးလေးဘွိုင်ကို ဖြစ်နေတယ်။ မျှော်လင့်ထားသလို ဖြစ်မလာတဲ့ ရှာပေက ဘွိုင်ကို လူရွေးပွဲဝင်ခွင့် ပေးပါ့မလား။ လူရွေးပွဲမှာ ဘယ်သူနဲ့ အပြိုင်နေရာလုရဦးမလဲ။ သူအားကျရတဲ့ အမ်ဘာလီကရော လက်တွေ့မှာ သူထင်ထားသလို လူမျိုးပဲလား။ ၂၀၁၁ ခုနှစ်ထွက် ဒီရုပ်ရှင်ဟာ High School Musical ထဲက Sharpay Evans ဇာတ်ကောင်ကို မူလသရုပ်ဆောင်နဲ့ပဲ သီးခြားခွဲထုတ်ရိုက်ကူးထားတာပါ။ ပန်းရောင်အပြင်အဆင်တွေနဲ့အတူ Disney ဂီတရုပ်ရှင်ဟန်အတိုင်း သီချင်းတွေ ပါဝင်ပါတယ်။
ဇာတ်လမ်းအကြောင်း