The Tomorrow Job
ဆေးတောင့်တစ်တောင့် သောက်လိုက်ရုံနဲ့ မနက်ဖြန်ကို တစ်နာရီတိတိ အချိန်ခုန်ကူးနိုင်မယ်ဆိုရင် ဘာလုပ်ကြမလဲ။ ဒီဇာတ်လမ်းထဲက Z+ ဆိုတဲ့ ဆေးတောင့်တွေက အဲဒီလိုလုပ်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်က လိုက်သွားတာမဟုတ်ဘဲ ဒီနေ့က ကိုယ့်အသိစိတ်နဲ့ မနက်ဖြန်က ကိုယ့်အသိစိတ်တို့ တစ်နာရီတိတိ နေရာလဲသွားကြတာပါ။ ဒါပေမယ့် သုံးစွဲပုံမမှန်ရင် စိတ်ဖောက်ပြန်တဲ့အထိ အန္တရာယ်ရှိပါတယ်။ လီ၊ မာတင်နဲ့ ဖင်းတို့ သုံးယောက်ကတော့ ဒီဆေးကို အချက်အလက်ခိုးယူဖို့ အသုံးချနေကြတယ်။ မနက်ဖြန်ကို ကြိုသွားပြီး အချက်အလက်တွေ ခိုးယူပေးနေရတဲ့ သူတို့နောက်ကွယ်မှာ ခိုင်းစေနေတဲ့ အဖွဲ့အစည်းကြီးတစ်ခုလည်း ရှိပါတယ်။ တစ်နေ့မှာ မစ်ရှင်တစ်ခုလုပ်ရင်း မာတင် သေဆုံးသွားတဲ့နောက် လီနဲ့ဖင်းတို့ ဒီအလုပ်ကို ရပ်လိုက်ကြတယ်။ ဒါပေမယ့် အလုပ်ပြန်လုပ်ရဖို့ အကြောင်းဖန်လာတဲ့အခါ သူတို့ဟာ အချိန်ကူးတဲ့အလုပ်ထဲ ပြန်ဝင်ရတော့မယ့် အခြေအနေနဲ့ ကြုံလာရပါတယ်။ Z+ ဆေးတောင့်တွေက ဘာတွေလဲ၊ သူတို့ကို ခိုင်းစေနေတဲ့ အဖွဲ့အစည်းကရော ဘယ်လိုအဖွဲ့လဲ။ လီတို့ဟာ ဒီမပြီးနိုင်တဲ့ သံသရာကို အဆုံးသတ်နိုင်ပါ့မလား။
ဇာတ်လမ်းအကြောင်း