ဇာတ်ကားများ ရွေးရန်

The Mother

2023ဇာတ်ကားအမှတ် 6.8/10115 မိနစ်

ဂျေလို သရုပ်ဆောင်ထားတဲ့ မိခင်ဟာ အာဖဂန်နဲ့ အီရန်မှာ စနိုက်ပါအဖြစ် စစ်ဆင်ရေးတွေ လုပ်ခဲ့ဖူးသူပါ။ စစ်တပ်က ထွက်လာပြီးနောက် ကျူးဘားနဲ့ မက္ကဆီကိုက လူဆိုးဂိုဏ်းတွေနဲ့ ပတ်သက်မိခဲ့ပါတယ်။ ဇာတ်ကားတစ်လျှောက်မှာတော့ သူ့နာမည်ကို မဖော်ပြထားပါဘူး။ ကိုယ်ဝန်ရလာတဲ့အခါ သူက လူဆိုးဂိုဏ်းတွေအကြောင်း ရဲဆီ သတင်းပေးပြီး အဲဒီလောကကနေ ရုန်းထွက်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် အတိတ်က ရန်သူတွေဟာ လျှို့ဝှက်ထားတဲ့ သူ့သမီးကို ရန်ပြုလာကြပါတယ်။ သမီးကို ကာကွယ်ဖို့အတွက် ပုန်းအောင်းနေရာကနေ ပြန်ထွက်လာပြီး ရန်သူဟောင်းတွေကို ရင်ဆိုင်ရတော့တာပါ။ Niki Caro ရိုက်ကူးထားတဲ့ အက်ရှင်သည်းထိတ်ရင်ဖိုဇာတ်ကား ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း