ဇာတ်ကားများ ရွေးရန်

Ghost Rider

2007ဇာတ်ကားအမှတ် 5.5/10114 မိနစ်

မီးတောက်နေတဲ့ အရိုးခေါင်းနဲ့ ဆိုင်ကယ်စီးတဲ့ Marvel ဇာတ်ကောင် Ghost Rider တွေထဲမှာ ဂျော်နီဘလေ့ဇ်က ထင်ရှားသူတစ်ယောက်ပါ။ ၂၀၀၇ ခုနှစ်ထွက် ဒီဇာတ်ကားမှာ Nicolas Cage က ဂျော်နီအဖြစ် သရုပ်ဆောင်ထားပြီး သူ Ghost Rider ဖြစ်လာပုံကို အစကနေ ပြထားပါတယ်။ ကင်ဆာကြောင့် သေခါနီးဖြစ်နေတဲ့ အဖေကို ကယ်ဖို့ ဂျော်နီက ကိုယ့်ဝိညာဉ်ကို နတ်ဆိုးဆီ ရောင်းခဲ့တယ်။ နတ်ဆိုးက စာချုပ်အတိုင်း အဖေ့ရဲ့ကင်ဆာကို ကုပေးခဲ့ပေမယ့် ဂျော်နီမှာ နှောင်ကြိုးမရှိစေချင်တာကြောင့် အဖေ့ကို ချက်ချင်းပဲ သတ်ပစ်လိုက်ပါတယ်။ ပြီးတော့ လိုအပ်တဲ့အခါ ပြန်လာရှာမယ်လို့ ပြောပြီး ပျောက်သွားခဲ့တယ်။ အဖေ အချိန်မတိုင်ခင် သေဆုံးခဲ့ရတာ ကိုယ့်ကြောင့်လို့ ယူဆတဲ့ ဂျော်နီဟာ နောင်တနဲ့ ဆက်ရှင်သန်နေရပါတယ်။ သေသွားလည်း မထူးတော့ဘူးဆိုတဲ့ စိတ်နဲ့ အန္တရာယ်များတဲ့ စတန့်တွေ လုပ်ရင်း နာမည်ကြီးလာတယ်။ အရာရာ ပြန်အဆင်ပြေလာပြီလို့ ထင်ရတဲ့ တစ်နေ့မှာတော့ နတ်ဆိုးက သူ့ဆီ ပြန်ရောက်လာပါတယ်။

ဇာတ်လမ်းအကြောင်း