ဇာတ်ကားများ ရွေးရန်

The Throne

2015ဇာတ်ကားအမှတ် 7.1/10126 မိနစ်

2015ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Throne ဆိုတဲ့ ဇာတ်ကားဟာ ကိုရီးယားသမိုင်းမှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ အဖြစ်အပျက်တစ်ခုကို မှီငြမ်းရိုက်ကူးထားပြီး Song Kang Hoနဲ့ Yoo Ah Inက အဓိကပါဝင်ထားပါတယ်တာ ဂျိုဆောင်ရဲ့ မင်းကောင်းတစ်ပါးဖြစ်ချင်တဲ့ ဘုရင်ယောင်းဂျိူက သူ နန်းတက်နေစဉ် အစွမ်းကုန် ဆောင်ရွက်ပေးခဲ့တယ် သားတော်အပေါ်မှာလည်း ရည်မှန်းချက်ကြီးမားပြီး စာပေလေ့လာတာတွေကို အစွမ်းကုန်လုပ်ဆောင်ပေးခဲ့တယ် ဒါပေမယ့် သားတော်က အရွယ်ရောက်လာတဲ့အခါမှာ စာပေလိုက်စားတာထက် အနုပညာ၊ဓားရေးလှံရေးတို့ကို ပိုစိတ်ဝင်စားတာကို သိရှိသွားတဲ့အခါ သားအဖကြားမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်လာပါတယ် ဒါ့အပြင် နန်းတော်ထဲမှာ သွေးထိုးမှု ဆူပုံအုံကြွမှုတွေဖြစ်လာပြီး သားတော် အိမ်ရှေ့စံဆာဒိုကို ပုန်ကန်သူအဖြစ် စွပ်စွဲလာကြပါတယ် သက်သေမလုံလောက်ပေမယ့် သားဖြစ်သူကို အပြစ်ပေးခဲ့ပြီးတော့ ပုန်ကန်သူတစ်ယောက်ရဲ့ အဖေဆိုတဲ့ နာမည်က သူ့ထီးနန်းကို ထိခိုက်နိုင်တာကြောင့် သားကို သေတ္တာထဲ ထည့်ပြီး သတ်ဖို့ လုပ်ရာကနေ ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာ ကြည့်ရှုလိုက်ရအောင် File size…1.7GB /  Quality…1080p Blu Ray DTS 5.1Ch /  Format…Mp4 Duration….2h 5min Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Estel

ဇာတ်လမ်းအကြောင်း