ဇာတ်ကားများ ရွေးရန်

Eismayer

2022ဇာတ်ကားအမှတ် 7.3/1086 မိနစ်

အရာခံဗိုလ်ကြီး အက်စ်မေယာဟာ ဩစတြီးယားတပ်ဖွဲ့က တပ်သားသစ်တွေကြားမှာ ကြမ်းတမ်းတင်းကျပ်သူအဖြစ် နာမည်ကြီးပါတယ်။ ဇနီးနဲ့ သားတစ်ယောက်ရှိတဲ့ သူဟာ လိင်တူစိတ်ဝင်စားသူဖြစ်ပေမယ့် အဲဒီခံစားချက်တွေကို ထိန်းချုပ်ပြီး နေနေခဲ့တယ်။ တပ်သားသစ် မာရီယိုဖာလက်နဲ့ တွေ့ဆုံတဲ့အခါမှာတော့ ဖုံးကွယ်ထားတဲ့ ခံစားချက်တွေ ပေါ်လာပြီး နှစ်ယောက်သား ချစ်ကျွမ်းဝင်သွားကြပါတယ်။ အက်စ်မေယာ ကင်ဆာဝေဒနာ ခံစားနေရချိန်မှာ ဖာလက်က ပြုစုပေးရင်း သူတို့ရဲ့သံယောဇဉ်လည်း ပိုနက်လာတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်က လူတွေ မရိပ်မိအောင် နေနေရဆဲပါ။ ဖာလက်က သူတို့ရဲ့ဆက်ဆံရေးကို လူရှေ့မှာ ပွင့်ပွင့်လင်းလင်း အသိပေးဖို့ ပြောလာတဲ့အခါ အက်စ်မေယာ ဘယ်လိုဆုံးဖြတ်မလဲ။ ဖြစ်ရပ်မှန်ကို အခြေခံထားပြီး လိင်တူချစ်ခြင်းကို နားလည်လက်ခံပေးဖို့ တင်ဆက်ထားတဲ့ ဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း