ဇာတ်ကားများ ရွေးရန်

Blue

2002ဇာတ်ကားအမှတ် 6.5/10

“ ငါတို့နှစ်ယောက် အတူတူနေကြမှာလား...တကယ့်အတွဲတွေလိုပေါ့” လို့မေးတဲ့သူနဲ့ “ငါတို့က တကယ့်အတွဲတွေပဲလေ” လို့ပြန်ဖြေတဲ့သူ... ဘယ်သူက ပိုလေးနက်တာလဲ ? ၂၄ ကြိမ်မြောက် မော်စကိုနိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ မင်းသမီးဆုရရှိခဲ့တဲ့ ဂျပန်ဒရာမာဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဗျ ။ ဆယ်ကျော်သက်အရွယ် ကျောင်းသူလေးနှစ်ယောက်ရဲ့ခင်မင်မှုအကြောင်းကို အသားပေးရိုက်ကူးထားပြီး သူတို့ရဲ့သဘာဝ၊ စိတ်ခံစားချက်၊ ခံယူချက်တွေကို အကွက်ကျကျရိုက်ပြထားပါတယ်။ ကီရိရှီးမားကတော့ ကျောင်းမှာ အေးအေးဆေးဆေးနေတတ်ပြီး သူငယ်ချင်းအများကြီးမရှိပါဘူး။ အန်ဒိုဆိုတဲ့ နှစ်ကျကျောင်းသူနဲ့ တစ်တန်းတည်းတက်နေပြီး တစ်ဖြည်းဖြည်းချင်း ရင်းနှီးလာခဲ့ကြပါတယ်။ အန်ဒိုကလည်း ကျောင်းတစ်နှစ်နားထားတဲ့သူဆိုတော့ အတန်းတူသူငယ်ချင်းမရှိသေးသလို ကီရိရှီးမားကလည်း အပေါင်းအသင်းမများတော့ အတန်းထဲမှာ တတွဲတွဲဖြစ်လာခဲ့ပါတယ်။ သူ့အိမ်ကိုယ့်အိမ်အထိသွားလည်ပြီးနောက် ရင်းနှီးမှုတွေ နောက်တစ်ဆင့်တက်ခဲ့ကြပြီးမှ နွေရာသီကျောင်းပိတ်ရက်မှာ အန်ဒိုတစ်ယောက် ပျောက်သွားခဲ့ပါတယ်။ အန်ဒိုဘာလို့ပျောက်သွားရတာလဲ ? အန်ဒိုဘာလို့ ကျောင်းနားခဲ့ရတာလဲ ? အန်ဒိုနဲ့ကီရိရှီးမားတို့နှစ်ယောက်ကရော ဘယ်လိုတွေဆက်ဖြစ်မှာလဲဆိုတာ ဆက်ကြည့်လိုက်ပါတော့နော်.... File size…    1.3 GB /  784 MB Quality… WebRip 1080p / 720p Format… mp4 Duration…. 1h 56m Genre ..... Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JoJoVa

ဇာတ်လမ်းအကြောင်း