ဇာတ်ကားများ ရွေးရန်

Dallas Buyers Club

2013ဇာတ်ကားအမှတ် 7.9/10117 မိနစ်

Matthew McConaughey ကိုနာမည်မကြားဖူးတောင် လူတိုင်းရုပ်မြင်တာနဲ့ သိလောက်မယ့်သရုပ်ဆောင်တယောက်ပါ။ တက္ကဆက် ရီုဒီရိုကောင်းဘွိုင်စတိုင်နဲ့ တက္ကဆက်စတိုင်စကားပြောနဲ့ သရုပ်ဆောင်အလွန်ကောင်းပါတယ်။ သူ့ကို ကြိုက်တဲ့သူဆိုရင် ဒီဇာတ်ကားက ကြည့်ကိုကြည့်သင့်တဲ့ကားထဲမှာပါပါတယ်။ ဒီဇာတ်ကားက သူ့ကို ၂၀၁၄ အော်စကာမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ထိုက်ထိုက်တန်တန်ကြီးကို ရစေခဲ့တဲ့ရုပ်ရှင်ဇာတ်ကားပါ။ မင်းသား Matthew ဟာ ရွန် ဝုဒ်ရုဖ် နေရာမှာ သရုပ်ဆောင်ဖို့အတွက် သူ့ရဲ့ ခန္ဓာကိုယ်အလေးချိန် ပေါင် ၄၀ အထိ (အစွန်းရောက် ပိန်ကျုံးသွားသည်အထိ) လျှော့ချခဲ့ပါတယ်။ အစပိုင်းမှာ လိင်တူချစ်သူတွေကို မုန်းတီးပြီး အတ္တကြီးတဲ့ လူကြမ်းတစ်ယောက်အဖြစ်ကနေ၊ နောက်ပိုင်းမှာ ရောဂါဝေဒနာရှင်တွေကို ကူညီကယ်တင်ပေးတဲ့ ခေါင်းဆောင်တစ်ယောက်အဖြစ် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲသွားပုံကို အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ သူနဲ့အပြိုင် ပီပီပြင်ပြင်သရုပ်ဆောင်သွားနိင်တာကတော့ Suicide Squad နဲ့ Morbious ထဲက မင်းသား Jared Leto ပါပဲ။ သူ့သရုပ်ဆောင်က ဒီဇာတ်ကားထဲမှာ Matthew McConaughey ထက်မပိုရင်တောင် သူနဲ့အတူတူကောင်းလောက်တဲ့အထိကို လိင်ကွဲချစ်သူ ရေယွန်ဆိုတဲ့ ဇာတ်ကောင်ကို ပီပီပြင်ပြင်သရုပ်ဆောင်သွားနိုင်ပါတယ်။ Jared ရဲ့ ဒီသရုပ်ဆောင်မှုဟာ ပရိသတ်တွေကို မျက်ရည်ကျစေခဲ့ပြီး သူ့အတွက်လည်း 'အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု' (Best Supporting Actor) အော်စကာဆုကြီးကို ရရှိစေခဲ့ပါတယ်။ ဒီဇာတ်ကားက ဇာတ်လမ်းအနေနဲ့လဲ ၁၉၈၅ ခုနှစ်ဝန်းကျင်က HIV လူနာတွေရဲ့ ဘဝတွေ ကိုအကောင်းဆုံးထင်ဟပ်စေပြီးတော့ ကုသဖို့ဆေးစပ်သပ်ဆဲ ကာလတွေမှာ FDA ရဲ့ ငွေမက်မှုတွေ ကူးစက်ခံလူနာတွေအပေါ်ထားတဲ့ လူတွေရဲ့ သဘောထားတွေကို ကွံက်ကွက်ကွင်းကွင်းကြီးမြင်အောင်ပြသနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၈၅ ခုနှစ်တုန်းက တကယ့်အဖြစ်အပျက်ကို အခြေခံထားတာပါ။ တက္ကဆက်ပြည်နယ် ဒါးလက်စ် (Dallas) မြို့က လျှပ်စစ်ပညာရှင်နဲ့ နွားရိုင်းစီးသမား ရွန် ဝုဒ်ရုဖ် (Ron Woodroof) ဟာ ရုတ်တရက် HIV/AIDS ရောဂါ ကူးစက်ခံထားရပြီး အသက်ရှင်ဖို့ ရက် ၃၀ ပဲ အချိန်ကျန်တော့တယ်လို့ ဆရာဝန်တွေက သတ်မှတ်လိုက်ပါတယ်။ အဲဒီခေတ်က AIDS ဟာ ဆေးမရှိသေးတဲ့အပြင် လိင်တူချစ်သူတွေမှာပဲ ဖြစ်တယ်လို့ အများက ထင်မြင်ယူဆထားတဲ့ အချိန်ပါ။ ရွန် ဟာ လက်မြှောက်အရှုံးမပေးဘဲ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က တရားဝင် ခွင့်မပြုရသေးတဲ့ ဆေးဝါးတွေကို မက္ကဆီကိုနိုင်ငံနဲ့ တခြားနိုင်ငံတွေကနေ ခိုးသွင်းလာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူ့လို ဝေဒနာရှင်တွေအတွက် ရည်ရွယ်ပြီး "Dallas Buyers Club" ဆိုတဲ့ အသင်းကို တည်ထောင်ကာ ဆေးဝါးတွေ ဖြန့်ဝေပေးပြီး အသက်ရှင်ဖို့ ရုန်းကန်ကြိုးစားခဲ့ပုံကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီကားက တခြားဘာမှမကြည့်တောင် မင်းသားနှစ်ယောက်ရဲ့ သရုပ်ဆောင်ပုံနဲ့ လိင်တူချစ်သူတွကို မုန်းတီးတဲ့ ဝုဒ်ရုဖ် တယောက်နဲ့ လိင်တူချစ်သူ ရေမွန်တို့ကြားက အချိန်အဆက်တွေကို မျက်ရည်ကျစရာ ကိုယ်ချင်းစာစရာကောင်းလောက်အောင် ဖော်ပြနိုင်မှုတွေနဲ့တင် ကြည့်ရတာတကယ်တန်တဲ့ ဇာတ်ကားကောင်းတကားဖြစ်ပါတယ်။ File size…    2 GB / 1 GB Quality… Blu-ray 1080p / 720p Format… mp4 Duration…. 1h 57m Genre ..... Drama , History Subtitle…. Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း