The Hunt
နယ်မြို့လေးတစ်မြို့မှာ မူကြိုကျောင်းဆရာတစ်ယောက်ဟာ အလုပ်ကိုကြိုးစားရင်း သားဖြစ်သူရဲ့ အုပ်ထိန်းခွင့်ရဖို့လည်း ရုန်းကန်နေပါတယ်။ ကလေးတွေနဲ့ ခင်ခင်မင်မင် နေတတ်တဲ့ သူ့ဘဝက တစ်နေ့မှာတော့ လုံးဝပြောင်းလဲသွားတယ်။ သူအလုပ်လုပ်တဲ့ မူကြိုက ကလေးမလေးတစ်ယောက်ဟာ ဆရာက သူ့ကို လိင်ပိုင်းဆိုင်ရာ ပြုကျင့်ခဲ့တယ်လို့ တိုင်ကြားလာတာပါ။ မိဘနဲ့ ဆရာတွေက ဒီကိစ္စကို အရေးတယူ ကိုင်တွယ်ကြသလို ကလေးတွေကြားမှာလည်း တစ်ယောက်စကားတစ်ယောက် ပြောကြရင်း အမှုက ပိုကြီးလာပါတယ်။ ဆရာကတော့ မိမိလုပ်ခဲ့တာ မဟုတ်ကြောင်း ငြင်းဆိုနေပေမယ့် ပတ်ဝန်းကျင်ရဲ့ ဒဏ်ခတ်မှုတွေကို ခံရဖို့ ဖြစ်လာတယ်။ ကိုယ်မကျူးလွန်ခဲ့တဲ့ လုပ်ရပ်တစ်ခုအတွက် လူအများရှေ့မှာ ရင်ဆိုင်ဖြေရှင်းရတဲ့ လူတစ်ယောက်ရဲ့ဘဝကို ရိုက်ပြထားတဲ့ ဒိန်းမတ်ဒရမ်မာကားပါ။
ဇာတ်လမ်းအကြောင်း