Two Blue Stripes
အပြာရောင်မျဉ်းလေးနှစ်ချောင်းဆိုတဲ့ နာမည်က ကိုယ်ဝန်စစ်တံပေါ်က မျဉ်းနှစ်ချောင်းကို ဆိုလိုတာပါ။ တချို့အတွက် ဝမ်းသာစရာဖြစ်နိုင်ပေမယ့် အသက် ၁၇ နှစ်အရွယ် ချစ်သူနှစ်ယောက်အတွက်တော့ မရင်ဆိုင်ဖူးတဲ့ တာဝန်တွေနဲ့ ပြဿနာတွေရဲ့ အစဖြစ်လာပါတယ်။ မိဘတွေ အလုပ်များပြီး အချိန်မပေးနိုင်ကြတဲ့အချိန်မှာ ဒီလူငယ်နှစ်ယောက်ဟာ အကာအကွယ်မဲ့ လိင်ဆက်ဆံမိကြပြီး ကောင်မလေးမှာ ကိုယ်ဝန်ရှိလာတယ်။ ဒီအကြောင်းကို နှစ်ဖက်မိဘတွေ သိသွားတဲ့အခါ သူတို့နှစ်ယောက်တင်မက မိသားစုတွေပါ ဖြေရှင်းရမယ့် ကိစ္စဖြစ်လာပါတယ်။ ကောင်လေးဘက်က ဆင်းရဲပြီး ကောင်မလေးဘက်က ချမ်းသာတာကြောင့် မတူညီတဲ့ မိသားစုနှစ်ဖက်ကြားမှာ သူတို့ ဘယ်လိုတာဝန်ယူကြမလဲ၊ မိဘတွေကရော ဘယ်လိုကိုင်တွယ်ကြမလဲဆိုတာကို ဇာတ်လမ်းက ဆက်ပြထားတယ်။ အင်ဒိုနီးရှားဒရမ်မာကားဖြစ်တဲ့ Dua Garis Biru ဟာ ဆယ်ကျော်သက်တွေရဲ့ စိတ်နေစိတ်ထား၊ လိင်ပညာပေးဖို့ လိုအပ်မှုနဲ့ မိဘတွေက သားသမီးကို အချိန်ပေးကြည့်ရှုနိုင်မှုတို့ကို ဒီအဖြစ်အပျက်နဲ့ တွဲတင်ပြထားပါတယ်။ လူမျိုး၊ ဘာသာနဲ့ ယဉ်ကျေးမှုတွေကြားက အာရှမိသားစုဘဝကိုလည်း ထည့်သွင်းဖော်ပြထားပြီး အင်ဒိုနီးရှားရုပ်ရှင်ဆု အများအပြား ရရှိထားတဲ့ ဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း