ဇာတ်ကားများ ရွေးရန်

Baantjer: The Beginning

2019ဇာတ်ကားအမှတ် 6.2/10111 မိနစ်

၁၉၈၀ ခုနှစ်၊ နယ်သာလန်ဘုရင်မ ဘီယက်ထရစ်ရဲ့ နန်းတက်ပွဲမတိုင်ခင် ရက်ပိုင်းမှာ ဇာတ်လမ်းစထားပါတယ်။ ကျေးလက်ဒေသကနေ အမ်စတာဒမ်ကို ပြောင်းလာတဲ့ စုံထောက် ယူရီယန်နယ်ကော့ဟာ အဲဒီမြို့မှာ မွေးဖွားကြီးပြင်းပြီး လူလည်ကျတဲ့ စုံထောက် တိုနီမွန်တိုင်းနဲ့ တွဲလုပ်ရတယ်။ ယူရီယန်က မြို့ကိုရောက်ခါစမှာပဲ လူဆိုးလိုက်ဖမ်းရင်း လူသေအလောင်းတစ်လောင်းကို တွေ့သွားပါတယ်။ အဲဒီအလောင်းကနေ နန်းတက်ပွဲကို တိုက်ခိုက်လာနိုင်တဲ့ သဲလွန်စတွေ ရလာတော့ နှစ်ယောက်သား စုံစမ်းရပါတော့တယ်။ တိုက်ခိုက်ဖို့ ကြံစည်နေသူတွေက ဘယ်သူတွေလဲ၊ သူတို့မသိရသေးတာတွေ ဘာတွေရှိနေသေးလဲ၊ နန်းတက်ပွဲမတိုင်ခင် အချိန်မီ တားနိုင်ပါ့မလားဆိုတာတွေကို အဖြေရှာကြရမှာပါ။

ဇာတ်လမ်းအကြောင်း