Simulant
ခင်ပွန်းဖြစ်သူ Evan ဆုံးသွားပြီးနောက် ပူဆွေးနေတဲ့ Faye ဟာ သူ့ခင်ပွန်းနဲ့ ပုံစံတူတဲ့ အသွင်တုစက်ရုပ်တစ်ရုပ်ကို ဖန်တီးခဲ့ပါတယ်။ ဒါပေမယ့် ပုံစံတူနေရုံနဲ့ သူ့ခင်ပွန်းဖြစ်မလာတဲ့အတွက် အဲဒီစက်ရုပ်ကို ပြန်ပိတ်ပစ်ဖို့ စိတ်ကူးနေတယ်။ တစ်ဖက်မှာတော့ စက်ရုပ်တွေရဲ့ အခွင့်အရေးအတွက် သူတို့လွတ်မြောက်အောင် ကူညီနေတဲ့ Casey ကို စက်ရုပ်ထိန်းသိမ်းရေးအဖွဲ့ AICE က လိုက်ဖမ်းနေပါတယ်။ အဲဒီအဖွဲ့က အေးဂျင့် Kessler ဟာလည်း စက်ရုပ်တစ်ရုပ်ရဲ့ ပေါ့ဆမှုကြောင့် သူ့ကလေး သေဆုံးခဲ့ရတယ်ဆိုပြီး နာကျင်နေရသူပါ။ Casey နဲ့ အသွင်တု Evan တို့ တွေ့ဆုံမိတဲ့အခါ စက်ရုပ်တွေ လွတ်မြောက်ဖို့ ဘယ်လိုကြိုးစားကြမလဲ၊ Kessler ကရော သူတို့ကို ဖမ်းမိသွားမလားဆိုတာ ဆက်ဖြစ်လာပါတယ်။ AI စက်ရုပ်တွေအကြောင်း ရိုက်ထားတဲ့ ဒီသိပ္ပံစိတ်ကူးယဉ်ဇာတ်ကားမှာ စက်ရုပ်နဲ့ လူသားကြားက အချစ်ဇာတ်လမ်းကိုလည်း ထည့်ထားတယ်။ စက်ရုပ်တွေမှာ ခံစားမှုနဲ့ အချစ်ရှိနိုင်တာ၊ လူသားတွေနဲ့ အတူနေထိုင်နိုင်တာတွေကို အဲဒီဆက်ဆံရေးကနေ ပုံဖော်ထားပါတယ်။
ဇာတ်လမ်းအကြောင်း