ဇာတ်ကားများ ရွေးရန်

Anaconda: Cursed Jungle

2024ဇာတ်ကားအမှတ် 5.0/1084 မိနစ်

၉၀ ပြည့်လွန်နှစ်တွေတုန်းက ပရိသတ်တွေကို အကြောက်တရားနဲ့ ရင်ခုန်သံမြန်စေခဲ့တဲ့ ဧရာမမြွေကြီး အန်နာကွန်ဒါကို ရုပ်ရှင်ချစ်သူတိုင်း မှတ်မိကြဦးမယ်ထင်ပါတယ်။ အခုတစ်ခါမှာတော့ အဲဒီဂန္ထဝင် Monster ကားကြီးကို တရုတ်နိုင်ငံကနေ ခေတ်မီနည်းပညာတွေ၊ အက်ရှင်အကွက်တွေနဲ့ ပေါင်းစပ်ပြီး အသစ်ပြန်လည်အသက်သွင်းလိုက်တဲ့ "Anaconda (2024)" ဆိုတဲ့ ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်.. ဒီကားထဲမှာတော့ မူရင်းဇာတ်လမ်းရဲ့ အငွေ့အသက်တွေကို ထိန်းသိမ်းထားတဲ့အပြင် ဆပ်ကပ်အဖွဲ့သားတွေရဲ့ ထူးခြားတဲ့ စွမ်းရည်တွေကိုပါ ထည့်သွင်းရိုက်ကူးထားတာမို့ ပရိသတ်တွေအတွက် ရသသစ်တစ်မျိုးကို ပေးစွမ်းနိုင်မှာ သေချာပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Terence Yin, Nita Lei, Xingchen Wang တို့က အဓိကပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအညွှန်း >>> ဇာတ်လမ်းအစမှာတော့ ဖျော်ဖြေရေးခရီးထွက်လာတဲ့ ဆပ်ကပ်အဖွဲ့သားတွေ တင်ဆောင်လာတဲ့ သင်္ဘောတစ်စင်းဟာ မုန်တိုင်းမိပြီး လူသူအရောက်အပေါက်နည်းတဲ့ တောနက်ကြီးတစ်ခုထဲမှာ သောင်တင်သွားခဲ့ပါတယ်။ အကူအညီမဲ့နေတဲ့ သူတို့အဖွဲ့ဟာ တောထဲကနေ ထွက်ပေါက်ရှာဖို့ ကြိုးစားရင်းနဲ့ ရက်စက်တဲ့ တောရိုင်းတိရစ္ဆာန် မှောင်ခိုကူးသူတွေနဲ့ ထိပ်တိုက်တွေ့ဆုံပါတော့တယ်။ ဒါပေမဲ့ သူတို့ရင်ဆိုင်ရမယ့် အဆိုးရွားဆုံး အန္တရာယ်က အဲဒီလူတွေမဟုတ်ဘဲ တောနက်ထဲမှာ ကိန်းအောင်းနေတဲ့ သွေးဆာနေတဲ့ ဧရာမ အန်နာကွန်ဒါ မြွေကြီးတွေပဲ ဖြစ်နေပါတယ်။ သာမန်လူတွေမဟုတ်ဘဲ ကျွမ်းကျင်တဲ့ ဆပ်ကပ်အဖွဲ့သားတွေဖြစ်တဲ့အတွက် သူတို့ရဲ့ လျင်မြန်ဖျတ်လတ်မှုတွေ၊ ကျွမ်းဘားအကွက်တွေကို သုံးပြီး ဧရာမမြွေကြီးတွေရဲ့ ရန်ကနေ ဘယ်လိုလွတ်မြောက်အောင် ကြိုးစားကြမလဲ။ လူသားတွေရဲ့ အတ္တနဲ့ အသက်လုပွဲကြားမှာ ဘယ်သူတွေ အသက်ရှင်ကျန်ရစ်မလဲဆိုတာကို အက်ရှင်ခန်း အမိုက်စားတွေနဲ့အတူ ရင်တဖိုဖို ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားဟာ သာမန် သားရဲတိရစ္ဆာန်ကားတွေလို ပြေးလွှားပုန်းအောင်းနေရုံတင်မဟုတ်ဘဲ လူနဲ့မြွေ ထိပ်တိုက်ရင်ဆိုင်ရတဲ့ အက်ရှင်ခန်းတွေကိုပါ မြိုင်မြိုင်ဆိုင်ဆိုင် ထည့်သွင်းထားတာမို့ ပျင်းရိငြီးငွေ့သွားစရာမရှိဘဲ အစအဆုံး ဆွဲဆောင်ထားနိုင်မယ့် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ Monster ကားတွေ၊ Survival အက်ရှင်ကားတွေကို သဘောကျတဲ့ ပရိသတ်တွေအတွက်တော့ အကြိုက်တွေ့စေမယ့် ကားလေးတစ်ကားဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်နော်။ Filesize : 1.38 GB / 754 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , Adventure Runtime : 1h 24 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း