ဇာတ်ကားများ ရွေးရန်

The Trials of Cate McCall

2013ဇာတ်ကားအမှတ် 6.4/1089 မိနစ်

ရှေ့နေ ကိတ်မက်ကောဟာ အရက်စွဲတဲ့ပြဿနာကြောင့် အလုပ်ကနေ ဆိုင်းငံ့ခံထားရပြီး ခံဝန်နဲ့ နေနေရသူပါ။ မိသားစုဘက်မှာလည်း သမီးကို ကောင်းကောင်းဂရုမစိုက်နိုင်လို့ ကလေးရဲ့ဖခင်က အုပ်ထိန်းခွင့်ရဖို့ တရားစွဲထားပါတယ်။ ကိုယ့်ဘဝကိုယ် ပြန်ထိန်းဖို့ ခက်ခဲနေချိန်မှာပဲ ရှေ့နေရုံးက သူ့ကို အမှားပြန်ပြင်ခွင့်ပေးတဲ့အနေနဲ့ အမှုတစ်ခု လိုက်ပေးဖို့ တာဝန်ပေးလာတယ်။ အဲဒီအမှုထဲက အမျိုးသမီးဟာ ချစ်သူ၊ ရဲတွေ၊ ထောင်အစောင့်တို့ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ခံခဲ့ရသူအဖြစ် ဖော်ပြထားပါတယ်။ သူ့ချစ်သူနဲ့ရတဲ့ ကိုယ်ဝန်ရှိနေချိန်မှာ ချစ်သူကို လာရောက်ပတ်သက်တဲ့ မိန်းကလေးတစ်ယောက်ဆီ အဖော်တစ်ယောက်နဲ့ သွားရောက်ရန်တွေ့ရာက လူသတ်မှုဖြစ်သွားခဲ့တာပါ။ သူပဲ သတ်ခဲ့တာ သေချာတယ်လို့ သတ်မှတ်ထားတဲ့ ဒီအမှုကို ကိတ် ပြန်လိုက်တဲ့အခါ လွဲမှားနေတဲ့အချက်တွေ စတွေ့လာရတယ်။ အမှုထဲက အလွဲတွေကို ကိတ် ဘယ်လိုဖော်ထုတ်မလဲ၊ သမီးရဲ့ အုပ်ထိန်းခွင့်ကိုရော ပြန်ရနိုင်မလားဆိုတဲ့ ပြဿနာနှစ်ခုကို သူ ရင်ဆိုင်နေရပါတယ်။ အမှုလိုက်နေစဉ် နောက်ထပ် ဘာအခက်အခဲတွေ ကြုံလာဦးမလဲဆိုတာကိုလည်း ဆက်တွေ့ရမှာပါ။

ဇာတ်လမ်းအကြောင်း