The East
အစိုးရနဲ့ ကော်ပိုရေးရှင်းကြီးတွေက ပြည်သူတွေနဲ့ သဘာဝပတ်ဝန်းကျင်ထက် ကိုယ့်အကျိုးအမြတ်ကိုပဲ ရှေ့တန်းတင်နေတာကို မကျေနပ်တဲ့ လူငယ်တစ်စု ရှိပါတယ်။ နယ်ပယ်အသီးသီးက ဒီမင်းမဲ့ဝါဒီလူငယ်တွေ စုစည်းပြီး The East လို့ခေါ်တဲ့ မြေအောက်အဖွဲ့ကို ဖွဲ့ထားကြတယ်။ သူတို့က သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ လုပ်ငန်းကြီးတွေကို တန်ပြန်တိုက်ခိုက်နေကြတာပါ။ ပုဂ္ဂလိကထောက်လှမ်းရေးကုမ္ပဏီက အေးဂျင့် ဂျိန်းဟာ ဒီအဖွဲ့ကို စုံစမ်းဖော်ထုတ်ဖို့ တာဝန်ပေးခံရပါတယ်။ အရပ်ဝတ်နဲ့ လမ်းတွေပေါ်မှာ သတင်းလိုက်စုရင်း မြေအောက်လောကထဲ ဝင်ရောက်နေရာက မထင်မှတ်ဘဲ The East အဖွဲ့ထဲ ရောက်သွားတယ်။ အဖွဲ့သားတွေက ကော်ပိုရေးရှင်းတွေကို တိုက်ခိုက်တဲ့ လှုပ်ရှားမှုတွေကို “Jam” လို့ ခေါ်ကြပါတယ်။ အရေးကြီးတဲ့ Jam တွေမှာ ဂျိန်းပါ ပါဝင်လာရတဲ့အခါ သူ့အလုပ်နဲ့ ကိုယ်ပိုင်ဘဝကြား ဘယ်လိုရှေ့ဆက်ရမလဲဆိုတာ ဝေခွဲရခက်လာတယ်။ အဖွဲ့ခေါင်းဆောင်အဖြစ် Alexander Skarsgård ပါဝင်ထားပြီး Elliot Page ကတော့ အဖွဲ့ဝင်တစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း