Suro
အိမ်ထောင်ကျခါစ Helena နဲ့ Ivan တို့ဟာ ဖော့ဆို့ပင်သစ်တောရှိတဲ့ နယ်ဘက်က အိမ်တစ်အိမ်ကို ပြောင်းလာကြပါတယ်။ အဲဒီအိမ်က ကွယ်လွန်သွားတဲ့ Helena ရဲ့ အဒေါ်ပိုင်အိမ်ပါ။ သူတို့ရောက်လာချိန်မှာ ဒေသခံတွေက နွေရာသီမိုးခေါင်နေလို့ မီးဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်ဖို့ ပြောဆိုနေကြတယ်။ ဒါပေမယ့် လင်မယားနှစ်ယောက်ကတော့ ကလေးမမွေးခင် ဖော့ဆို့ပင်အခေါက်ခွာတဲ့လုပ်ငန်းနဲ့ ငွေကြေးပြည့်စုံလာဖို့ကိုပဲ အာရုံစိုက်နေကြပါတယ်။ ဖော့ဆို့ပင်အကြောင်း ဘာမှမသိသေးတဲ့ သူတို့နှစ်ယောက်ဟာ အလုပ်သမားတွေ ငှားပြီး လုပ်ငန်းစကြတယ်။ အတူအလုပ်လုပ်ကြတဲ့အခါ ဘယ်လိုပြဿနာတွေ ပေါ်လာမလဲဆိုတာအပြင် လင်မယားချင်း အမြင်မတူလို့ ငြင်းခုံရတာတွေ၊ ဝင်ငွေရဖို့ ခေါင်းခြောက်ရတာတွေကိုလည်း တွေ့ရမှာပါ။ Mikel Gurrea ရိုက်ကူးထားတဲ့ ဒီစပိန်ရုပ်ရှင်မှာ ဖော့ဆို့ပင်အခေါက်ခွာတဲ့ လုပ်ငန်းခွင်နဲ့ လုပ်နည်းတွေကိုပါ ထည့်သွင်းပြထားပါတယ်။
ဇာတ်လမ်းအကြောင်း