Without Air
Without Air 2023 (IMDb 7.2/10) ဟန်ဂေရီ Drama ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် အကောင်းဆုံး ရုပ်ရှင်ဆု၊ ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ သရုပ်ဆောင်ဆုတွေအများကြီးရထားတဲ့ ပညာရေးလောကကို မေးခွန်းထုတ်ထားတဲ့ ဇာတ်ကားလေးတစ်ကားပါ အန်နာ ဆိုတဲ့ ကျောင်းဆရာမတစ်ယောက်ဟာ သူ့ရဲ့ သင်ကြားပြသမှုတွေဟာ နာမည်လည်းကြီးသလို ကျောင်းသားတွေရဲ့ ချစ်ခင်မှုကိုလည်း ရရှိထားတဲ့ စာပေနဲ့ ပြဇာတ် ဆရာမတစ်ယောက်ပေါ့ တစ်နေ့မှာ ကျောင်းသားတွေကို ကဗျာတစ်ပုဒ်အကြောင်းသင်နေတုန်းမှာ ပိုပြီးကိုးကားလို့ရအောင် ရုပ်ရှင်ဇာတ်ကားတစ်ခုကို ညွှန်းမိပြီး ကျောင်းသားမိဘတစ်ယောက်က မသင့်တော်လို့ဆိုပြီး တိုင်ကြားအမှုဖွင့်တာကနေ စတဲ့ အရှုပ်ထုပ်ပေါ့....... လူ့သဘောသဘာဝအတိုင်း အောင်မြင်နေတဲ့သူကို ဝိုင်းပြီးအသရေဖျက်ဖို့ ကြိုးစားကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့.... မကျေနပ်တဲ့ ကျောင်းသားမိဘတွေနဲ့..... မိဘကျန်းမာရေး၊ LDRS ချစ်သူနဲ့ အဆင်မပြေမှုတွေကြားထဲကနေ စုံစမ်းစစ်ဆေးရေးခုံရုံအထိ တက်ဖိုက်ရပြီး ခေတ်ပေါ်ပညာရေးကဏ္ဍမှာ သင်ရိုးညွှန်းတမ်းတွေဟာ ထင်သလောက် ဘောင်မဝင်ဘူးဆိုတဲ့အကြောင်းနဲ့...... ချွန်ထွက်ရင် "တိ" ခံရတယ်ဆိုတဲ့ သောက်တလွဲ logic တွေအကြောင်းကို မီးမောင်ထိုးရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ........ ဇာတ်ကားရဲ့နာမည်အတိုင်း Elfogy a levego "လေကုန်ပါတယ်" ဗျာ...... ကြည့်ရှုခံစားကြည့်လိုက်ပါဦး........ ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း