The Peach Tree
ဆန်းဟျွန်းနဲ့ ဒုံဟျွန်းတို့ဟာ ခန္ဓာကိုယ်တစ်ခုတည်းကို မျှဝေထားရတဲ့ ခေါင်းနှစ်လုံးဆက်အမြွှာတွေအဖြစ် မွေးဖွားလာကြပါတယ်။ လူတွေက သူတို့ကို မကောင်းဆိုးဝါးလို မြင်ကြမှာကို ကြောက်လို့ အနှစ်သုံးဆယ်လုံး အိမ်ထဲမှာပဲ နေခဲ့ကြရတယ်။ ဆန်းဟျွန်းက စိတ်ထားကောင်းပြီး နာခံတတ်ပေမယ့် ဒုံဟျွန်းကတော့ တစ်ကိုယ်ကောင်းဆန်သူပါ။ တစ်နေ့မှာ တက်ကြွပြီး စိတ်ရင်းကောင်းတဲ့ ဆွန်းအာဆိုတဲ့ မိန်းကလေး သူတို့အိမ်ကို ရောက်လာတဲ့အခါ ဒီသုံးယောက်ကြား ဘယ်လိုအကြောင်းတွေ ဆက်ဖြစ်လာမလဲဆိုတာ ဇာတ်လမ်းက ဆက်ပြထားပါတယ်။ မင်းသမီးလည်းဖြစ်၊ ဒါရိုက်တာလည်းဖြစ်တဲ့ Koo Hye Sun ရိုက်ကူးထားပြီး ဆန်းဟျွန်းအဖြစ် Cho Seung Woo၊ ဒုံဟျွန်းအဖြစ် Ryu Deok Hwan နဲ့ ဆွန်းအာအဖြစ် Nam Sang Mi တို့ ပါဝင်ထားပါတယ်။ Seo Hyun Jin လည်း ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားတယ်။
ဇာတ်လမ်းအကြောင်း