Angels and Insects
တောထဲမှာ အင်းဆက်တွေကို လေ့လာသုတေသနလုပ်တဲ့ ပညာရှင် မစ္စတာအမ်ဒမ်ဆမ်ဟာ သင်္ဘောနစ်မြုပ်မှုတစ်ခုနောက်မှာ ယူဂျီနီးယားတို့အိမ်ကို မှီခိုနေထိုင်ဖို့ ရောက်လာပါတယ်။ တစ်အိမ်တည်းမှာ အတူနေရင်း အချိန်ကြာလာတဲ့အခါ သူနဲ့ ယူဂျီနီးယားတို့ လက်ထပ်ဖြစ်သွားကြတယ်။ ဒါပေမဲ့ ယူဂျီနီးယားရဲ့အစ်ကို အက်ဂါကတော့ ဒီအိမ်ထောင်ရေးကို သဘောမတူတဲ့အပြင် အမ်ဒမ်ဆမ်ကိုလည်း အထင်သေးနှိမ်ချနေပါတယ်။ အက်ဂါရဲ့ နှိမ်ချမှုတွေကို ဆက်မခံနိုင်တော့တဲ့ အမ်ဒမ်ဆမ်ဟာ ကိုယ့်ဝမ်းစာကိုယ်ရှာနိုင်ဖို့ သုတေသနစာအုပ်တစ်အုပ် စရေးပါတော့တယ်။ သူ့စာအုပ်ကို ဘယ်လိုရေးသွားမလဲ၊ အဆုံးသတ်နိုင်ပါ့မလား၊ စာအုပ်ရေးပြီးချိန်မှာရော ယူဂျီနီးယားနဲ့ အင်္ဂလိပ်လူချမ်းသာတွေရဲ့ဘဝထဲက ဘယ်လိုလျှို့ဝှက်ချက်တွေကို သိလာရမလဲဆိုတာ ဆက်တွေ့ရမှာပါ။ Mark Rylance ဦးဆောင်သရုပ်ဆောင်ထားတဲ့ အချစ်ဒရာမာဖြစ်ပြီး လေးနက်တဲ့ စကားပြောခန်းတွေနဲ့အတူ အရွယ်ရောက်သူတွေအတွက်သာ သင့်တော်တဲ့ ပွင့်လင်းမြင်သာသော ပြကွက်တွေလည်း ပါဝင်ပါတယ်။
ဇာတ်လမ်းအကြောင်း