ဇာတ်ကားများ ရွေးရန်

Suspicion Of The Moon

2023ဇာတ်ကား96 မိနစ်

တရုတ်ဇာတ်ကားတွေနဲ့သိပ်မတူတဲ့ ရသတစ်မျိုးဖြစ်စေမယ့် စင်္ကာပူHorrorကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့...... မိန်းမတွေအားအနည်းဆုံးအချိန်ဟာမီးဖွားပြီး မီးနေချိန်လို့ဆိုကြပြီး မီးတွင်းကာလအချိန်မှအပြင်မထွက်ရ ရေမချိုးရဆိုတဲ့အယူတွေရှိကြပါတယ်။ စင်္ကာပူရဲ့တက်သစ်စ ပန်းချီဆရာမလေးတစ်ယောက်ဟာ မီးဖွားခါနီးမှာ အိမ်ပြောင်းရဖို့ဖြစ်လာတဲ့အတွက် အနုပညာအဖွဲ့အစည်းကို လှူထားတဲ့အိမ်တစ်လုံးမှာခဏနေခွင့်ရခဲ့ပါတယ်။ တစ်ကိုယ်ထဲသမားဖြစ်တဲ့အတွက် မီးနေချိန်မှာစောင့်ရှောက်ဖို့ ကလေးထိန်းတစ်ယောက်ခေါ်ခဲ့ပါတယ်။ ကလေးထိန်းရောက်လာပြီးတဲ့နောက်မှာတော့ ထူးဆန်းတာတွေတစ်ခုပြီတစ်ခုဖြစ်လာခဲ့တယ်။ သူမြင်တဲ့အရာတွေကို သူများတွေကမမြင်ဘူးလို့ဆိုလာတဲ့အခါ ..... သူတကယ်ပဲရူးသွားပြီလား...... မီးဖွားပြီးခါစသွေးနုနုသားနုနုမလို့ ထင်ယောင်ထင်မှားတွေဖြစ်နေတာလား...... ဒီအိမ်ကြီးရဲ့လျှို့ဝှက်ချက်တွေကဘာတွေဖြစ်နေမလဲ...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller Runtime : 1h 36 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK

ဇာတ်လမ်းအကြောင်း