ဇာတ်ကားများ ရွေးရန်

Duel: Final Round

2016ဇာတ်ကားအမှတ် 5.3/1097 မိနစ်

ဆယ်ကျော်သက်ကောင်လေး ဖွန်းဟိုဟာ ကိုယ်ခံပညာကို ကောင်းကောင်းတတ်မြောက်ထားပြီး အပိုမုန့်ဖိုးရဖို့ အွန်လိုင်းက တရားမဝင်ချန်နယ်တွေမှာ ပြိုင်ဘက်ရှာကာ စိန်ခေါ်ထိုးသတ်လေ့ရှိပါတယ်။ ဒါပေမဲ့ သူဝင်ထိုးနေတဲ့ အပျော်တမ်းပွဲတွေအပြင် ပိုကြမ်းတမ်းတဲ့ ထိုးသတ်ပွဲတွေလည်း ရှိနေတယ်။ အဲဒီပွဲတွေမှာတော့ အနိုင်အရှုံးတင်မကဘဲ ပြိုင်ဘက် သေဆုံးသွားတဲ့အထိ ဒါမှမဟုတ် မသန်စွမ်းဖြစ်သွားတဲ့အထိ ထိုးသတ်ကြတာပါ။ ထိုးသတ်ပွဲတွေကြောင့် လူသေမှုတွေ ဖြစ်လာတဲ့အခါ ဖွန်းဟိုရဲ့အစ်ကို ရဲအရာရှိက လိုက်စုံစမ်းပါတယ်။ အဲဒီလို စုံစမ်းရင်း တကယ့်သတ်ကွင်းက လူတွေအစား မုန့်ဖိုးရှာနေတဲ့ ကိုယ့်ညီကိုပဲ ဖမ်းမိသွားတော့တယ်။ ပြစ်မှုမှတ်တမ်း မဝင်ဖို့အတွက် ဖွန်းဟိုဟာ အစ်ကိုရဲ့ ဆုံးမဒဏ်ပေးမှုအောက်မှာ သက်ကြီးရွယ်အိုတွေကို ပရဟိတအနေနဲ့ လိုက်ကူညီပေးရပါတယ်။ တစ်နေ့မှာတော့ အစ်ကိုဖြစ်သူဟာ တရားမဝင်သတ်ကွင်းတစ်ခုကို စုံစမ်းရင်း အသက်အန္တရာယ်နဲ့ ကြုံလာရတယ်။ အစ်ကို သေလုဆဲဆဲဖြစ်နေချိန်မှာ ဖွန်းဟို ဘယ်လိုဆက်လုပ်မလဲဆိုတာကို ဟာသနဲ့ အက်ရှင်ရောစပ်ပြီး တင်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း