Samsara
ဟိမဝန္တာတောင်တန်းတစ်နေရာရဲ့ ကောင်းကင်မှာ ငှက်တစ်ကောင် ပျံသန်းနေပါတယ်။ သူ့ခြေသည်းတွေကြားမှာ သယ်လာတဲ့ ကျောက်ခဲကို လေပေါ်ကနေ ပစ်ချလိုက်တဲ့အခါ ဆိတ်တစ်ကောင်ရဲ့ ဦးခေါင်းပေါ် တည့်တည့်ကျပြီး ဆိတ်သေသွားတယ်။ Samsara ရဲ့ ဇာတ်လမ်းကို ဒီမြင်ကွင်းနဲ့ စထားပါတယ်။ တိဘက်ဗုဒ္ဓဘာသာကို အခြေခံထားပြီး ကိုယ်တော်တစ်ပါးရဲ့ သံသရာက လွတ်မြောက်ရာ၊ ဉာဏ်အလင်းရရာကို ရှာဖွေတဲ့ခရီးအကြောင်း ပြထားတာပါ။ အဲဒီနောက် ဘုန်းကြီးတစ်ဖွဲ့ဟာ ဂူထဲမှာ သုံးနှစ်ကြာ ကမ္မဋ္ဌာန်းထိုင်ခဲ့တဲ့ ကိုယ်တော်တစ်ပါးကို သွားပင့်ပြီး လားမားကျောင်းတော်ဆီ ပြန်ခေါ်လာကြပါတယ်။ မကြာခင်မှာပဲ ကိုယ်တော်ဟာ ရွာတစ်ရွာရဲ့ ကောက်ရိတ်သိမ်းပွဲကို သွားဖို့ အကြောင်းဖန်လာပြီး မိန်းမပျိုတစ်ယောက်နဲ့ ဆုံတွေ့ခဲ့တယ်။ အဲဒီညမှာ သူမရဲ့ အထိအတွေ့ကို အိပ်မက်မက်ခဲ့ပြီး ကျောင်းပြန်ရောက်တဲ့အထိ စိတ်ထဲက မပျောက်နိုင်ဖြစ်နေပါတယ်။ ကိုယ်တော်က ဗုဒ္ဓဟာ သက်တော် ၂၉ နှစ်မှ တောထွက်ခဲ့ကြောင်း၊ လောကီကို စွန့်လွှတ်နိုင်ဖို့ လောကီဘဝမှာ အရင်ကျင်လည်ဖူးဖို့ လိုမယ်ထင်ကြောင်း ဆရာဖြစ်သူကို လျှောက်ထားလာတယ်။ ဆရာကလည်း လောကီဘောင်ကို သွားဖို့ ခွင့်ပြုပေးခဲ့သလို ကိုယ်တော်မက်ခဲ့တာဟာ အိပ်မက်မဟုတ်ကြောင်း ပြောပြလိုက်ပါတယ်။ ဒီလိုနဲ့ ကိုယ်တော်ဟာ လူဝတ်လဲပြီး မိန်းမပျိုရှိရာ ရွာဆီ ထွက်လာခဲ့တယ်။ လောကီဘဝထဲ ရောက်လာတဲ့အခါ သူကြုံတွေ့ရတဲ့ တဏှာ၊ လောဘ၊ ဒေါသတွေအကြောင်းကို ဆက်ပြထားပါတယ်။ သူ့ဘဝထဲက အဖြစ်အပျက်တချို့ကို သိဒ္ဓတ္ထမင်းသားရဲ့ ဘဝအဖြစ်အပျက်တွေနဲ့ ဆင်တူအောင် ယှဉ်တွဲပုံဖော်ထားသလို ယသောဓရာရဲ့ ခံစားချက်ကို ဘယ်လိုနားလည်ကြမလဲဆိုတဲ့ မေးခွန်းကိုလည်း ထည့်ထားတယ်။ လိင်ဆက်ဆံမှုကို ကွက်ကွက်ကွင်းကွင်း ဖော်ပြထားတဲ့ အခန်းတွေလည်း ပါဝင်ပါတယ်။
ဇာတ်လမ်းအကြောင်း