The Ghost and the Darkness
လန်ဒန်က တံတားအင်ဂျင်နီယာတစ်ယောက်ဟာ အာဖရိကတိုက်၊ ဆာဗိုမှာ တံတားတစ်စင်းကို ငါးလအတွင်း အပြီးဆောက်ဖို့ တာဝန်ပေးခံရပါတယ်။ အဲဒီကို ရောက်သွားတော့ အလုပ်သမားအချင်းချင်း မတည့်တာ၊ ဆေးရုံကောင်းကောင်းမရှိတာ စတဲ့အခက်အခဲတွေကို ရင်ဆိုင်ရတယ်။ အဲဒီထက် ပိုကြီးတဲ့ပြဿနာကတော့ ခြင်္သေ့တွေ လူလာဆွဲနေတဲ့ကိစ္စပါ။ အစပိုင်းမှာ သူက အပင်ပေါ်ကနေ ခြင်္သေ့တစ်ကောင်ကို ပစ်သတ်ပေးနိုင်ခဲ့လို့ အလုပ်သမားတွေလည်း စိတ်ချမ်းသာသွားကြပြီး တံတားဆောက်တဲ့အလုပ် ပြန်အဆင်ပြေလာတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ခြင်္သေ့တွေ ပိုအတင့်ရဲလာပြီး လူတွေကို ပိုသတ်လာကြပါတယ်။ တံတားလည်း ဆက်မဆောက်နိုင်၊ ခြင်္သေ့တွေကိုလည်း မနှိမ်နင်းနိုင်ဖြစ်နေချိန်မှာ အာဖရိကလူမျိုးစုတွေနဲ့အတူ အမဲလိုက်လေ့ရှိတဲ့ နာမည်ကျော်မုဆိုးတစ်ယောက် ရောက်လာတယ်။ သူတို့နှစ်ယောက် ခြင်္သေ့တွေကို နှိမ်နင်းနိုင်ကြမလား၊ ကိုယ်စီရဲ့အိပ်မက်တွေကရော ပြည့်လာပါ့မလားဆိုတာကို ဆက်ကြည့်ရမှာပါ။ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဒီစွန့်စားခန်းဒရမ်မာမှာ Val Kilmer နဲ့ Michael Douglas တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း