Raana
ရာနာဟာ ကလေးဘဝကတည်းက ရဲအရာရှိတစ်ယောက် ဖြစ်ချင်ခဲ့သူပါ။ ဒါဟာ ဖခင်ရဲ့ နောက်ဆုံးဆန္ဒလည်းဖြစ်ပြီး အမေနဲ့ သူငယ်ချင်းတွေရဲ့ ပံ့ပိုးမှုနဲ့အတူ သူ့ရည်မှန်းချက်ကို ရောက်အောင် ကြိုးစားနေပါတယ်။ ရဲသင်တန်းဆင်းပြီး တရားဝင်ရဲတစ်ယောက် ဖြစ်လာဖို့ အမှုအခင်းကင်းကင်းနဲ့ နေနေရသလို ချစ်သူနဲ့လည်း နှစ်ယောက်တစ်ဘဝ ထူထောင်နိုင်ဖို့ ကြိုးစားနေတယ်။ သူတို့မြို့မှာတော့ ဘယ်သူမှ မယှဉ်ရဲလောက်အောင် အင်အားကြီးတဲ့ ကာပါလီဆိုတဲ့ လူမိုက်တစ်ယောက် ကြီးစိုးနေပါတယ်။ တစ်နေ့ ကာပါလီ လုပ်ကြံသတ်ဖြတ်ခံလိုက်ရပြီး ဘယ်သူ့လက်ချက်လဲဆိုတာ မသိကြတဲ့အခါ သူနဲ့ အငြိုးရှိဖူးတဲ့ ရာနာဆီ သံသယတွေ ပုံကျလာတယ်။ အေးအေးချမ်းချမ်းနေပြီး ကိုယ့်အနာဂတ်အတွက် ကြိုးစားနေတဲ့ ရာနာဟာ အခုတော့ စွပ်စွဲချက်တွေကနေ လွတ်မြောက်ဖို့ လူသတ်တရားခံအစစ်ကို ဖော်ထုတ်ရပါတော့တယ်။
ဇာတ်လမ်းအကြောင်း