ဇာတ်ကားများ ရွေးရန်

Grand Central

2013ဇာတ်ကားအမှတ် 5.6/1094 မိနစ်

အလုပ်လက်မဲ့ဖြစ်နေတဲ့ ဂါအီဟာ ပြင်သစ်နိုင်ငံက နျူကလီးယားလျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ရုံမှာ အလုပ်လျှောက်ပါတယ်။ အလုပ်မဝင်ခင် လေ့ကျင့်ရေးဆင်းရတာကြောင့် လူငယ်တချို့ကို အတွေ့အကြုံရှိတဲ့ ဝန်ထမ်းတွေနဲ့ တွဲပေးထားတယ်။ တိုနီနဲ့ တခြားအကြီးတန်းဝန်ထမ်းတွေက သူတို့ကို ကြီးကြပ်ပေးပြီး လေ့ကျင့်မှုနဲ့ စမ်းသပ်မှုတွေကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ဖို့ ကူညီပေးကြပါတယ်။ ဓာတ်ရောင်ခြည်သင့်နိုင်တဲ့ အန္တရာယ်ရှိလို့ ဂါအီရဲ့အစ်မ မာမီကတော့ ဒီအလုပ်ကို မလုပ်စေချင်ဘူး။ ဂါအီက ဝင်ငွေရတဲ့အတွက် ဆက်လုပ်ဖို့ ဆုံးဖြတ်ထားတယ်။ စက်ရုံမှာ အလုပ်လုပ်နေရင်း တိုနီရဲ့ဇနီးလောင်း ကာရိုးနဲ့ ချစ်မိသွားပါတယ်။ Léa Seydoux ပါဝင်သရုပ်ဆောင်ထားတဲ့ အချစ်ဒရမ်မာဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း