ဇာတ်ကားများ ရွေးရန်

The Blue Caftan

2023ဇာတ်ကားအမှတ် 7.6/10122 မိနစ်

မော်ရိုကိုနိုင်ငံက ဈေးတစ်ခုမှာ Halim နဲ့ Mina တို့ ဇနီးမောင်နှံဟာ Caftan လို့ခေါ်တဲ့ ရိုးရာဝတ်စုံတွေ ချုပ်တဲ့ဆိုင် ဖွင့်ထားကြပါတယ်။ Caftan ဆိုတာ ပိုးစ၊ ဖဲစတွေပေါ်မှာ ရွှေချည်ကို အနုစိတ်ထိုးထားပြီး မင်္ဂလာပွဲလို အထူးအခမ်းအနားတွေမှာ အမျိုးသမီးတွေ ဝတ်ကြတဲ့ ဝတ်ရုံတစ်မျိုးပါ။ ရွှေချည်ထိုးတာကနေ အနားကွပ်တာအထိ လက်နဲ့ အသေးစိတ်လုပ်ရတဲ့အတွက် အချိန်ပေးရသလို လက်လည်းဝင်ပါတယ်။ စက်နဲ့ချုပ်တဲ့သူတွေ ရှိလာပေမယ့် Halim ကတော့ လက်မှုပညာကို တန်ဖိုးထားပြီး လက်နဲ့ပဲ အနုစိတ်ချုပ်နေဆဲပါ။ ဒါကြောင့် သူတို့ဆိုင်က အပ်ထည်တွေဟာ သူများဆိုင်ထက် အချိန်ပိုကြာပြီး နောက်ကျလေ့ရှိတယ်။ အချိန်မီပြီးဖို့ တပည့်တွေခေါ်သင်ပေးပေမယ့် ရောက်လာလိုက်၊ ထွက်သွားလိုက်နဲ့ အဆင်မပြေဖြစ်နေကြပါတယ်။ Youssef ဆိုတဲ့ လူငယ်တပည့်တစ်ယောက် ရောက်လာတဲ့အခါတော့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ ဆက်ဆံရေးမှာ အပြောင်းအလဲတွေ ဖြစ်လာတယ်။ Halim ဖုံးကွယ်ထားတဲ့အရာတွေလည်း တဖြည်းဖြည်း ပေါ်လာပြီး တစ်ချိန်တည်းမှာပဲ Mina ရဲ့ ကျန်းမာရေးကလည်း တစ်စတစ်စ ယိုယွင်းလာပါတယ်။

ဇာတ်လမ်းအကြောင်း