Red Lights
စိတ်ပညာရှင် ပါမောက္ခ ဒေါက်တာ မာဂရက် မက်သီဆန်နဲ့ ရူပဗေဒပညာရှင် တွမ် ဘတ်ကလီတို့ဟာ သဘာဝလွန်အစွမ်းရှိတယ်လို့ လိမ်လည်နေသူတွေကို ဖော်ထုတ်ကြပါတယ်။ အောက်လမ်း၊ အထက်လမ်း၊ မှော်ဆရာ၊ တန်ခိုးရှင်ဆိုတဲ့ အမည်တွေအောက်မှာ မဟုတ်မမှန် လုပ်ကြံပြနေကြတာတွေကို သူတို့က စစ်ဆေးဖော်ထုတ်နေတာပါ။ ဒီလို လိုက်ဖော်ထုတ်ရင်း ကမ္ဘာကျော် အကြားအမြင်ဆရာ ဆိုင်မွန် ဆေးလ်ဗားကိုလည်း စစ်ဆေးဖို့ ဖြစ်လာတယ်။ သူ့အစွမ်းတွေက တကယ်လား၊ အတုအယောင်လားဆိုတာ သိဖို့ ကြိုးစားကြရင်း ကြောက်စရာအမှန်တရားတွေကို ဖော်ထုတ်မိလာကြပါတယ်။ Cillian Murphy၊ Elizabeth Olsen၊ Sigourney Weaver နဲ့ Robert De Niro တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်ဒရမ်မာဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း