ဇာတ်ကားများ ရွေးရန်

Stay the Night

2022ဇာတ်ကားအမှတ် 6.6/1094 မိနစ်

အသက်နှစ်ဆယ့်ခုနစ်နှစ်အရွယ် ဂရေ့စ်ဟာ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ အကြံပေးအဖြစ် အလုပ်လုပ်နေသူပါ။ လူတွေနဲ့ ရောရောနှောနှော နေလေ့မရှိသလို အချစ်ရေးမှာလည်း မျှော်လင့်ချက်နဲ့ စံနှုန်းတွေ မြင့်လွန်းတဲ့သူဖြစ်ပြီး အလုပ်မှာရော အချစ်ရေးမှာပါ အဆင်မပြေဖြစ်နေပါတယ်။ တစ်နေ့ အလုပ်မှာ အဆင်မပြေခဲ့တဲ့အပြင် အချစ်ရေးရှုပ်တတ်တဲ့ အခန်းဖော်သူငယ်ချင်းကြောင့် အိမ်ကိုလည်း ပြန်လို့မရသေးဘဲ ဘာလုပ်ရမလဲ မသိဖြစ်နေတယ်။ အဲဒီအချိန်မှာ အသင်းကနေ ထုတ်ခံရလို့ စိတ်ဓာတ်ကျပြီး ဘားမှာ လာထိုင်နေတဲ့ ကာတာနဲ့ တွေ့သွားပါတယ်။ ပထမဆုံးတွေ့ကြတဲ့ လူနှစ်ယောက်ဆိုပေမယ့် တစ်ယောက်ကိုတစ်ယောက် နားလည်ပေးနိုင်ပြီး အပြန်အလှန် ကူညီပေးကြရာက သံယောဇဉ်တွေ ဖြစ်လာတယ်။ ဂရေ့စ် အမြဲစိတ်ကူးယဉ်ခဲ့တဲ့ ပြည့်စုံတဲ့အချစ်ရေးကို ကာတာနဲ့ ဘယ်လိုရှာတွေ့လာမလဲဆိုတာ ဆက်ပြထားတဲ့ အချစ်ဒရမ်မာပါ။

ဇာတ်လမ်းအကြောင်း