Saint Omer
စာရေးဆရာမ ရာမားဟာ လော့ရန့်ကိုလီရဲ့အမှုအကြောင်း ရေးဖို့ ပဲရစ်ကနေ စိန့်အိုမားကို ရောက်လာပါတယ်။ ဆီနီဂေါသူ ကိုလီကတော့ အသက် ၁၅ လအရွယ် ကိုယ့်သမီးလေးကို သတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားရင်ဆိုင်နေရသူပါ။ သူ့မှာ မိခင်နဲ့ ရှုပ်ထွေးတဲ့ဆက်ဆံရေးရှိသလို ရာမားကိုယ်တိုင်လည်း ကိုယ့်အမေနဲ့ အဆင်မပြေသူဖြစ်တာကြောင့် ကိုလီ့အကြောင်းကို ပိုပြီး စိတ်ဝင်စားလာတယ်။ အမှုအကြောင်း ဆက်လေ့လာရင်း ကိုလီ ပြင်သစ်မှာ နေထိုင်စဉ် ခံစားခဲ့ရတာတွေကို ရာမား ကြားသိလာရပါတယ်။ အဲဒီအတွေ့အကြုံတွေက သူ့ဘဝနဲ့ ဘယ်လောက်ထပ်တူကျနေသလဲ၊ နားထောင်နေရတဲ့ ရာမားအတွက် ဘယ်လိုမွန်းကြပ်မှုတွေ ဖြစ်လာသလဲဆိုတာကို ဇာတ်လမ်းက ဆက်ပြထားတယ်။ ၂၀၂၂ ခုနှစ်ထွက် ဥပဒေရေးရာဒရာမာဖြစ်ပြီး တရားရုံးက အဖြစ်အပျက်တွေကို ကြည့်ရှုသူကိုယ်တိုင် ဂျူရီတစ်ဦးနေရာကနေ စဉ်းစားရသလို တင်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း