ဇာတ်ကားများ ရွေးရန်

Ballet Shoes

2008ဇာတ်ကားအမှတ် 6.4/1085 မိနစ်

"Dream will come true အိပ်မက်တွေ အကောင်အထည်ပေါ်လာမှာပါ " လူမျိုးမတူ လာခဲ့နေရာမတူတဲ့ မိဘမဲ့မွေးကင်းစ ကလေးမလေး သုံးယောက်ကို Sylviaရဲ့ဦးလေးဖြစ်သူက Sylvia ဆီကို ခေါ်လာပါတယ် Sylvia ကိုယ်တိုင်ကလည်း မိဘမဲ့တစ်ယောက်ပါ တစ်ချိန်လုံးခရီးထွက်နေတက်တဲ့ ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်ဦးလေးဖြစ်သူရဲ့ အိမ်ကြီးမှာ ကလေးထိန်းNana နဲ့အတူ နေရတာပါ သူမလည်း သူမ ဦးလေးလိုမျိုး ကျောက်ဖြစ်ရုပ်ကြွင်းဗေဒနဲ့ ဘွဲ့ရခဲ့ပေမယ့် ကလေးတွေကြောင့် ရည်မှန်းချက်တွေကို စွန့်လွှတ်ထားရပါတယ် အငယ်ဆုံးကလေးPosy Fossil လေးကို ဘဲလေးဖိနပ်တစ်ရံနဲ့အတူ ပါဆယ်နဲ့ထည့်ပေးလိုက်တဲ့ အချိန်ကတည်းကနေ ဦးလေးပြန်မလာတာ ၁၂နှစ်ရှိပြီ ဘဏ်မှာ ဦးလေးထားခဲ့ပေးတဲ့ ၅နှစ်စာငွေကလည်း ကုန်ပြီ အိမ်မှာ အဆောင်ငှားထားပေမယ့် အိမ်အိုကြီးကို ပြင်ရတဲ့ စရိတ်က မကာမိဘူး ကလေးတွေကလည်း ရည်မှန်းချက်တွေကိုယ်စီနဲ့ အရွယ်ရောက်လာခဲ့တယ် Sylvia က ကလေးတွေနဲ့ ဝင်ငွေတွက် ကျောင်းတက်ရင်း ဝင်ငွေရမယ့် အနုပညာ ကျောင်းကို ညီအစ်မတွေကို ပို့လိုက်ပါတယ် သူတို့လေးတွေရဲ့ ရည်မှန်းချက်တွေက မြင့်မားလွန်းတာမို့ ရည်မှန်းချက်တွေ အကောင်အထည်ဖော်ပေးဖို့ Sylvia တစ်ယောက် ဦးနှောက်စားရပါတော့တယ် ငွေရေးကြေးရေး အခက်အခဲတွေရယ် ကြီးမားတဲ့ အိပ်မက်တွေရယ် မိသားစုချစ်မေတ္တာတွေရယ်ကို အေးချမ်းစွာကြည့်ရှုရမယ့် မိသားစုဇာတ်လမ်းကောင်းလေးဖြစ်ပါတယ် ။ "အိပ်မက်တွေကို ဘယ်အရာကမှ မတားဆီးနိုင်ဘူး ပါရမီနဲ့ စိတ်အားထက်သန်ဖို့ပဲလိုတာ " ( အညွှန်းရေးသားထားသူကတော့ Oleander ပါ ) File Size__1.5 GB, 800 MB Quality__1080p, 720p IMDb Rating__6.6/10 Format__mp4 Duration__01:30:00 Type__Drama , Family Subtitle__Myanmar Subtitle (Hardsub) Translated by Oleander Encoded by Naing Aung Latt

ဇာတ်လမ်းအကြောင်း