ဇာတ်ကားများ ရွေးရန်

T-34

2018ဇာတ်ကားအမှတ် 7.2/10139 မိနစ်

စစ်ကားကောင်းတွေ မျှော်လင့်နေတဲ့ ပရိတ်သတ်တွေအတွက် မျှော်လင့်ရကျိုးနပ်တဲ့ကားတစ်ကားလာပါပြီဗျား.... ဒီကားက ဒုတိယ ကမ္ဘာစစ်အတွင်း ရုရှားနဲ့ ဂျာမန်စစ်ဖြစ်တဲ့အချိန် စီးချင်းထိုးခဲ့တဲ့ တင့်ကားတွေအကြောင်းကို အဓိက ထားရိုက်ကူးပြထားတာပါ.... ပြသချိန် ၂နာရီကျော်ရှိခဲ့ပေမယ့်  T-34 အမြောက်သံတစ်ဂျိန်းဂျိန်း ကျည်ဆံသံတစ်ဝီဝီနဲ့ အပြန်အလှန်တိုက်ခိုက်မှုကြားမှာ ခင်ဗျားဟာ စိတ်ဝင်စားလွန်းတော့ တောင့်တောင့်ကြီးကြည့်မိပြီး ၂နာရီကျော်ဆိုတာဆိုတာ ဘာမှန်းမသိဖြစ်သွားလိမ့်မယ်....ဇာတ်လမ်းအစမှ အဆုံးထိ ခပ်သွက်သွက် ခပ်ရှင်းရှင်းနဲ့ကို Tempo ချချိန်ဆိုတာတောင်မရှိသလောက်ပဲ.....ရိုက်ချက်တွေနဲ့ ခပ်ပါးပါးနောက်ခံတေးကလည်း တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်အတိပဲ.... ရုရှားဘက်ကတိုက်ရည်ခိုက်ရည်ကောင်းတဲ့ တင့်ကွန်မန်ဒါတစ်ယောက်ဖြစ်တဲ့ Nikolay Ivushkinဟာ ဂျာမန်တင့်ကားခြောက်စီးကို သူ့ရဲ့ T-34တင့်ကားတစ်စီးတည်းနဲ့အကုန်အပြတ်ချေမှုန်းနိုင်ခဲ့တယ်.... ၆စီးကို တစိစီးထဲနဲ့ချေမှုန်းသွားနိုင်တာကြည့်ရင် သူ့ရဲ့အရည်အချင်းကိုခန့်မှန်းမိနိုင်ကောင်းပါရဲ့... သို့ပေမယ့် နောက်ဆုံးတစ်စီးတစ်စီးကိုချေမှုန်းနိုင်ခဲ့ပေမယ့် သူအဖမ်းခံလိုက်ရတယ်... ဒီလိုနဲ့ ဂျာမန်စစ်သုံပန်းဘဝကိုရောကရှိသွားတယ်... ဒီအချိန်မှာ ဂျာမန်တွေအတွက်ရုရှားတွေရဲ့ တင့်စစ်ကစားဟန်က ထိတ်လန့်စရာအဖြစ်သိရှိခဲ့ပြီးတဲ့နောက်မှာ သူတို့အစီအစဉ်တစ်ခုဆွဲခဲ့တယ်... ဂျာမန်တွေဟာ နောက်ဖြစ်လာမယ့်ရုရှားတပ်နီနဲ့ရင်ဆိုင်တိုက်ခိုက်နိုင်ဖို့ အထူးသဖြင့်ရုရှားတင့်တွေကိုဘယ်လိုအနိုင်ရမလဲဆိုတာကို ဂျာမန်မျိုးဆက်သစ်ဗိုလ်လောင်းတွေကို လက်တွေ့ကျကျလေ့လာနိုင်အောင်လို့ တစ်ကယ့်ရုရှားတင့်တစ်စီးနဲ့တိုက်ခိုက်ပေးဖို့စီစဉ်လိုက်တယ်.... အဲ့အချိန်မှာ Nikolay Ivushkinနဲ့တိုက်ခိုက်ဖူးတဲ့ဂျာမန်ခေါင်းဆောင်ဟာ Nikolay Ivushkin ရဲ့အရည်အချင်းကိုသိတဲ့အတွက် Ivushkin ကိုလူအချို့ပေးရွေးပြီးတော့ စုတ်ပြတ်သတ်နေတဲ့ရုရှားတင့်တစ်စီးကိုပေးလိုက်တယ်...အမြောက်ကျည်ဆန်မပါဘဲနဲ့ ဂျာမန်ဗိုလ်လောင်းတွေနဲ့တိုက်ခိုင်းတယ်... Ivushkinဟာအဲ့ဒီစုတ်ပြတ်သပ်နေတဲ့တင့်ကားအတွင်းပိုင်းကိုဝင်ကြည့်တဲ့အခါမှာ ပုပ်ပွနေတဲ့အလောင်းတွေအပြင် မထင်မှတ်ဘဲပြောင်လက်နေတဲ့အရာတစ်ခုခုကိုမြင်တွေ့လိုက်တဲ့အချိန်မှာတော့... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwel Zan Aung ပဲဖြစ်ပါတယ်.... File Size :(2.5GB) (1.3GB) Quality : Blu-Ray 1080p / 720p Format…mp4 Duration…02:19:00 Genre : Action, War Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by Phyo Pyae

ဇာတ်လမ်းအကြောင်း