Anna Karenina
Anna Karenina (2012) IMDb Rating - 6.6/10 အချစ်မှာ "ဘာလို့လဲ" ဆိုတာ မရှိဘူးတဲ့..... တစ်ဦးက ဂုဏ်သိက္ခာ တစ်ဦးက ချစ်မေတ္တာ တစ်ဦးက ရမ္မက် ကွဲပြားတဲ့ ကိုယ်စီအလေးထားမှုတွေနဲ့ လူသုံးယောက်ရဲ့ အရှုပ်တော်ပုံလို့ပဲ တင်စားလိုက်ပါရစေ။ အထူးသဖြင့် အန်နာ ကရီနီနာဆိုတဲ့ သားတစ်ယောက်မိခင် အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက်ရဲ့ ရင်နင့်ဖွယ် ဇာတ်လမ်းလေး တစ်ပုဒ်ပေါ့။ အဖြစ်အပျက်တွေ အားလုံးရဲ့ မြစ်ဖျားခံရာကတော့ အစ်ကိုဖြစ်သူရဲ့ အိမ်ထောင်ရေး အခြေအနေ အဆင်မပြေမှုအတွက် ဖြောင်းဖျဖို့ သွားခဲ့ရာ မော်စကိုမြို့လေးပါပဲ..... ဗရွန်စကီဆိုတဲ့ ချောမောခန့်ညားတဲ့ အသက်ငယ်ငယ် မြို့စားတစ်ယောက်နဲ့ သူဆုံဆည်းခဲ့ပုံကလည်း ရထားလေးပေါ်မှာ အမှုမဲ့အမှတ်မဲ့ပါပဲ..... သို့ပေမဲ့ အမှတ်တမဲ့မှ အမှတ်တရတွေ ဖြစ်ခဲ့ကြသည်ပေါ့ မပြတ်နိုင်တဲ့ သံယောဇဉ်တွေကြောင့် ရပ်တန့်ဖို့ ကြိုးစားချိန်မှာ အရမ်း နောက်ကျသွားခဲ့ပြီ..... ပြင်ဆင်ဖို့ နောက်ကျခဲ့ခြင်းကြောင့် ရေပြင်လို တည်ငြိမ်အေးချမ်းနေတဲ့ အိမ်ထောင်တစ်ခုဟာ ဘောင်ဘင်ရိုက်ခတ်ခဲ့ရပါပြီ .... နာမည်ကြီး ရုရှား စာရေးဆရာကြီး Leo Tolstoy ရဲ့ ၀တ္ထုကို အခြေခံရိုက်ကူးထားတဲ့ masterpiece ဇာတ်လမ်းကောင်းပါ ဇာတ်လမ်းတစ်လျှောက်လုံးမှာ Cinematography , music တွေကလည်း အံ၀င်ဂွင်ကျတယ် ဒါရိုက်တာကြီးကလည်း နယ်နယ်ရရမဟုတ်ပါဘူး Pride & Prejudice, Atonement စတဲ့ masterpiece တွေကို ရိုက်ကူးသူ ဒါရိုက်တာကြီး Joe Wright ဖြစ်ပါတယ် Cast တွေကလည်း ကျရာဇာတ်ရုပ်ကို အပီအပြင် သရုပ်ဆောင်ပြနိုင်ကြတော့ Runtime 130 mins ရှိတဲ့ ဇာတ်လမ်းတစ်ပုဒ်ဟာ ပြီးလို့ ပြီးသွားမှန်းတောင် သိလိုက်ရမှာမဟုတ်ပါဘူးခင်ဗျာ ဒါ့အပြင် ဒီဇာတ်လမ်းမှာ မင်းသမီး Keira Knightley ရဲ့လှပမှုတွေ Jude Law ရဲ့ တည်ကြည်မှုတွေ နဲ့ Aaron Taylor Johnson ရဲ့ ချောမောမှုတွေကို တွေ့မြင်နိုင်မှာပါ မိန်းမတွေအတွက် ဆုံးဖြတ်ပိုင်ခွင့်နည်းပြီး နေတတ်ထိုင်တတ်မှ လူရာ၀င်တဲ့ ၁၈ ရာစုနှစ်လောက်က ဆန္ဒကို ဦးစားပေးတတ်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ဘ၀ကို ကွင်းကွင်းကွက်ကွက် စိတ်၀င်စားဖွယ် ရိုက်ကူးတင်ဆက်ထားပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကိုနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Yoon Sandi Aung ဖြစ်ပါတယ်။ ) File Size - (2.39 GB / 1.21 GB / 680 MB) Quality – BluRay 5.1 CH 1080p, 720p, 480p Duration - 2hrs 09min Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Romanc3 Translator – Yoon Sandi Aung Encoder – San Win Maung
ဇာတ်လမ်းအကြောင်း