Gaalodu
ရာဂျူးဟာ ကိုယ်မှန်တယ်ထင်ရင် ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ခပ်မိုက်မိုက်နေတတ်သူပါ။ မလုပ်ရဲတာရယ်လို့လည်း မရှိသလောက်ပဲ။ ဇာတ်လမ်းအစမှာတော့ သူဟာ လူသတ်မှုနဲ့ ထောင်ကျနေပြီး ထောင်ထဲရောက်တာ တစ်ရက်တောင်မပြည့်ခင် ရဲအရာရှိတစ်ယောက်ကို ရိုက်လွှတ်လိုက်ပါတယ်။ အဲဒီနောက် ထောင်ထဲမှာ နာမည်ကြီးလာပြီး တခြားအကျဉ်းသားတွေ လေးစားရသူ ဖြစ်လာတယ်။ အသက်ငယ်ငယ်နဲ့ လူသတ်မှုကြောင့် ထောင်ထဲရောက်လာတဲ့ ရာဂျူးအတွက် အချစ်နဲ့စစ်ဆိုတာ ဘယ်လိုအဓိပ္ပာယ်ရှိနေမလဲ။ ဒီတေလဂူဇာတ်ကားမှာ ရာဂျူးက အကျဉ်းသားတွေကို သူ့နောက်ကြောင်း ပြန်ပြောပြရာကနေ ဇာတ်လမ်းကို ဆက်သွားပါတယ်။
ဇာတ်လမ်းအကြောင်း